Social Icons

Pages

Friday, June 9, 2017

မြိတ်ကျွန်းစုအတွင်းရှိ သန္တာကျောက်တန်း များရှိရာ အဏ္ဏဝါရေပြင်ကို ငါးမဖမ်းရဇုန်များသတ်မှတ်ပိုင်း ခြား၍ထိန်းသိမ်းသွားမည်



မြိတ် ၉-၆-၂၀၁၇

ငါးဖမ်းလုပ်ငန်း ရေရှည်တည်တံ့စေရန်နှင့် အရေးပါသော သန္တာကျောက်တန်းများ မပျက်စီးစေရန် မြိတ်ကျွန်းစုအတွင်းရှိ သန္တာကျောက်တန်းများရှိရာ အဏ္ဏဝါရေပြင်အား ငါးမဖမ်းရဇုန်အဖြစ် သတ်မှတ်ပိုင်းခြား၍ ထိန်းသိမ်းဆောင် ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတကာသားငှက်တိရစ္ဆာန်နှင့် အပင်များလေ့လာရေးအဖွဲ့ (FFI) အဏ္ဏဝါ ထိန်းသိမ်းရေးဌာနမှ သိရသည်။

မြိတ်ကျွန်းစုတွင် သန္တာကျောက်တန်းများ၊ ပင်လယ်မြက်ခင်းများ၊ ဒီရေတောများ ကောင်းမွန်စွာတည်ရှိ နေသော်လည်း ငါးအလွန်အကျွံဖမ်းဆီးမှု၊ တရားမဝင်ငါးဖမ်း ကိရိယာများဖြင့် ငါးဖမ်းဆီးမှု၊ မိုင်းခွဲ၍ငါးဖမ်းဆီးမှုများ ကြောင့် သန္တာကျောက်တန်းများမှာ ပျက်စီးလျက်ရှိသည်။

ထို့ ကြောင့် မြိတ်ကျွန်းစုအတွင်း ကျန်ရှိနေသော အဏ္ဏဝါဂေဟစနစ် များထဲမှ ပျက်စီးမှုနည်းပါး နေသေးသည့် သန္တာကျောက်တန်းများနှင့် ဒေသ၏ရေလုပ်ငန်းကို ရေရှည်တည်တံ့ စေရန်ဦးစားပေး နေရာများ ရွေးချယ်၍ အဏ္ဏဝါ ကာကွယ်ရေး ရေပြင်အဖြစ် သတ်မှတ်ထားသည်။

လက်ရှိတွင် မြိတ်ကျွန်းစုအတွင်းရှိ လငန်း၊ ဒုံးပုလဲအော်နှင့် လင်းလွန်း-ပရောဝါး ကျေးရွာတို့ကို မြန်မာနိုင်ငံ၏ ပထမဆုံးအဏ္ဏဝါ ကာကွယ်ရေးရေပြင် အဖြစ်သတ်မှတ်၍ ထိန်းသိမ်းမှုများဆောင် ရွက်လျက်ရှိသည်။

ထိုသို့ ထိန်းသိမ်းထားသော အဏ္ဏဝါရေပြင်အတွင်း ငါးဖမ်းဆီးခွင့် ပြုခြင်းနှင့် ဥပဒေသက်ရောက်မှု ရှိစေရန်တပ်မတော် (ရေ)နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက် ခြင်းဖြင့်ပတ်ဝန်းကျင် ပျက်စီးစေသောရေရှည် တည် တံ့မှုမရှိသည့် ငါးဖမ်းခြင်း ပြဿနာတို့မှ ကင်းလွတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...