Social Icons

Pages

Wednesday, June 21, 2017

မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးတွင် နေ့စဉ် သွေးပုလင်း ၂ဝဝကျော် သုံးစွဲနေရခြင်းကြောင့် သွေးလှူရှင်များနှင့် ပရဟိတအသင်းများကို မှီခိုနေရ



မန္တလေး ၂၁-၆-၂၀၁၇

မန္တလေးအထွေထွေရောဂါ ကုဆေးရုံကြီးတွင် နေ့စဉ်သွေးပုလင်း ၂ဝဝကျော် သုံးစွဲနေရခြင်းကြောင့် သွေးလိုအပ်သည့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပြီး သွေးလှူရှင်များနှင့် ပရဟိတအသင်းများကိုမှီခိုနေရကြောင်း သွေးလှူဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

လက်ရှိအချိန်တွင် သွေးလှူဘဏ်၌ အထွေထွေလူနာများအတွက် တစ်နေ့လျှင်သွေးပုလင်း ၂ဝဝကျော်အသုံးပြု နေရပြီး သွေးရရှိမှုမှာ တစ်နေ့လျှင် ပုလင်းရေ ၁ဝဝကျော် သာရရှိသည့် အတွက် တစ်ဝက်ကျော်ကွာခြားမှု ရှိနေကြောင်း သိရသည်။

''လက်ရှိအချိန်မှာတော့ ပရဟိတအသင်းတွေနဲ့ ချိတ်ဆက်ထားတာ အသင်း ၅ဝရှိပါတယ်။ ပုံမှန်လာရောက်လှူဒါန်းတဲ့ သူတွေလဲရှိပါတယ်။ သွေးလိုအပ်ပြီဆိုရင် ဒီပရဟိတအသင်းတွေကို ဖုန်းနဲ့ချိတ်ပြီးတော့ ဘယ်သွေးတွေ လိုနေပါတယ်၊ လာရောက်လှူဒါန်းပါဦး ဆိုပြီးတော့ အကူအညီတောင်းခံပါတယ်''ဟု ၎င်းက ပြောပြသည်။

မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီး၌ အချို့လူနာများသည် သွေးပုလင်း ၂ဝခန့်အသုံးပြုရပြီး ခိုက်ရန်ဖြစ်ပွားမှု၊ သွေးထွက်သံယိုဖြစ်မှု လူနာများအတွက် သွေးများကို အများဆုံးအသုံးပြုရကြောင်း ၎င်းတို့သွေးလိုအပ်ချက်များ ကို ဖြည့်ဆည်းပေးနိုင်ရန် ယခုကဲ့သို့သွေးလှူရှင်များ နှင့်ချိတ်ဆက်ရခြင်း ဖြစ်ကြောင်းသိရသည်။

''အရေးပေါ် သွေးလိုအပ်တဲ့ သူတွေကိုချက်ချင်း သွေးပုလင်းတွေ ထုတ်ပေးလိုက် တဲ့အတွက် သွေးကလျော့နည်း သွားတာပေါ့။ အဲ့ဒီအတွက် သွေးအသုံးပြုတဲ့သူတွေရှိ လာရင်သွေးပြန်ရှာခိုင်း ရတာတွေရှိပါတယ်။ အသုံးပြုတဲ့ သွေးအားလုံးကို ပြန်ပြီးတော့တောင်းဆိုတာ မဟုတ်ပါဘူး။ သုံးပုလင်းလောက်အသုံးပြုလိုက်တဲ့ လူနာကအနည်းဆုံး တစ်ပုလင်းလောက်ရအောင် ပြန်ပြီးအလှူခံတာပါ။ ဒီလိုမျိုးနဲ့ ဘယ်သွေးဖြစ်ဖြစ်ပြန်ဖြည့် ပြီးတော့ အသုံးပြု ရတာပါ''ဟု ၎င်းကဆက်လက် ပြောပြသည်။

ယခုလက်ရှိအချိန်တွင် သုံးလတစ်ကြိမ်၊ လေးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ် လာရောက်လှူဒါန်းသည့် ပရဟိတအသင်းများရှိပြီး တစ်ဦးချင်းလာရောက် လှူဒါန်းသည့်အလှူရှင်များ လည်းရှိကြောင်း၊ နယ်ဝေးမှ သွေးလှူဒါန်းသည့် ပရဟိတအသင်းများကို ကိုယ်တိုင်သွားရောက် ဖောက်ယူပေးလျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...