Social Icons

Pages

Friday, June 16, 2017

နန့်စီးအောင်-နမ္မတီးလမ်းပိုင်းနှင့် ဖလမ်း-ဟားခါးလမ်းပိုင်းတို့ကို ရာသီမရွေး သွားလာနိုင်ရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်နေ



နေပြည်တော် ၁၆-၆-၂၀၁၇

ရွှေဘို-မြစ်ကြီးနားလမ်း (နန့်စီးအောင်-နမ္မတီး) လမ်းပိုင်းနှင့် ကလေး-ဖလမ်း-ဟားခါးလမ်း (ဖလမ်း-ဟားခါး) လမ်းပိုင်းတို့ကို ရာသီမရွေး သွားလာနိုင်ရေးအတွက် အဆင့်မြှင့်တင် ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနသတင်းများအရ သိရသည်။

အဆိုပါလမ်းများကို အဆင့်မြှင့်တင် ဆောင်ရွက်ရာတွင် ရွှေဘိုမြစ်ကြီးနားလမ်း (နန့်စီးအောင်နမ္မတီး) လမ်းပိုင်းမှ ၁၄၁ကီလိုမီတာနှင့် ကလေး-ဖလမ်း-ဟားခါးလမ်း (ဖလမ်း-ဟာခါး)လမ်းပိုင်းမှ ၁ဝ၉ကီလိုမီတာကို ရာသီမရွေးသွားလာနိုင်ရေးအတွက် ဆောင်ရွက်နေ ခြင်းဖြစ်သည်။

အဆိုပါလမ်းပိုင်းများကို ရာသီမရွေး သွားလာနိုင်ရေးအတွက် မူလအခြေခံလမ်းကို လမ်းချဲ့ထွင်ပေးခြင်း၊ လမ်းတာပေါင်များ ထပ်မံတင်ခြင်း၊ လမ်းအလွှာအကျယ် ၁၂ ပေ၊ အချို့နေရာများမှာ ၁၈ပေကိုစီမံကိန်းရည်မှန်းချက်အတိုင်း ၃၆ပေအကျယ်ထိ မြေသားလမ်းပြုလုပ်ခြင်း၊ လမ်းအလွှာအကျယ်၂၄ပေထိ လမ်းချဲ့ခြင်း၊ ရေဆင်းမြောင်းတူးခြင်း၊ မြေထိန်းနံရံရေထုတ် မြောင်းများ တည်ဆောက်ခြင်း စသည့်လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် နေကြောင်း သိရသည်။

အဆိုပါလမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်ရာတွင် အဆင့်မြှင့်တင်တည်ဆောက်ခြင်း နှင့်ထိန်းသိမ်းခြင်း ဆိုင်ရာလုပ်ငန်းများကို ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်ဆောင်ရွက် နိုင်ရေးနှင့် စက်ပစ္စည်းကိရိယာများ ပိုမိုကောင်းမွန်လာ စေရေးစီမံချက်အရ ဂျပန်အစိုးရက စက်ယန္တရား စုစုပေါင်း၂ဝ၃စီးကို ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...