အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ မြန်မာ့သိုင်းအခြေခံ သင်တန်းအမှတ်စဉ် (၂/၂ဝ၁၇) သင်တန်းဆင်းပွဲတွင် သင်တန်းသားများက မြန်မာ့သိုင်းစွမ်းရည် သရုပ်ပြသစဉ်။
နေပြည်တော် ၂၇-၆-၂၀၁၇
အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၏ မြန်မာ့သိုင်း အခြေခံသင်တန်း အမှတ်စဉ် (၂/၂၀၁၇) သင်တန်းဆင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာတိုင်းမှူး ဗိုလ်ချုပ်ဝင်းမင်းထွန်းနှင့် အရာရှိ၊စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
ဦးစွာတိုင်းမှူးက သင်တန်းဆင်းအမှာစကား ပြောကြားပြီး တက်ရောက်လာကြသူများ နှင့်အတူ သင်တန်းသားများ၏ မြန်မာ့သိုင်းစွမ်းရည် သရုပ်ပြသမှုများကို ကြည့်ရှု အားပေးကြသည်။ ထို့နောက်မြန်မာ့သိုင်း နည်းပြအဖွဲ့အား တိုင်းမှူးက ဂုဏ်ပြုဆုများ ပေးအပ်ပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။
အဆိုပါသင်တန်းကို သင်တန်းသား ၈၅ ဦးဖြင့် မေ ၂၉ ရက်မှ ယနေ့အထိ ဖွင့်လှစ်သင်ကြား ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
#Themyawadydaily


No comments:
Post a Comment