Social Icons

Pages

Tuesday, June 27, 2017

ဘဝ၌ စိတ်ဖိစီးမှုများ လျော့ကျလာသည်ဟု ခံစားရကြောင်းဆိုလာသည့် ရောဘတ်ပတ်တင်ဆန်



လော့စ်အိန်ဂျလိစ် ၂၇-၆-၂၀၁၇

မိမိ၏ဘဝ၌ စိတ်ဖိစီးမှုများ လျော့ကျလာသည်ဟု ခံစားရကြောင်း Twilight မင်းသား ရောဘတ်ပတ်တင်ဆန်က ဗြိတိန်အပတ်စဉ်ထုတ် မဂ္ဂဇင်းတစ်စောင်အား ပြောကြား လိုက်သည်။

ထို့ပြင် မိမိ၏ဘဝသည် ယခင်အချိန်နှင့် နှိုင်းယှဉ်မည်ဆိုပါက များစွာပေါ့ပါး လွတ်လပ်ပြီး ပျော်ရွှင်လျက်ရှိသည်ဟု The Twilight Saga: Breaking Dawn တွင်သွေးစုပ်ဖုတ်ကောင် အက်ဒွပ်ကူလန်အဖြစ် သရုပ်ဆောင်ရင်း အမျိုးသမီး ပရိသတ်များ၏ အားပေးမှုကို ရရှိလာသည့် ပတ်တင်ဆန်က OK! မဂ္ဂဇင်းသို့ ပြောသည်။

လူတချို့သည် ယခင်က မိမိအားစောင့် ကြည့်လေ့ရှိပြီး ယင်းသို့စောင့်ကြည့် ခံအဖြစ်မျိုးကို မုန်းတီးမိကြောင်း၊ သို့သော် ယခုအချိန်တွင် မိမိအနေဖြင့် ဆုံးဖြတ်ချက်များကို မိမိကိုယ်တိုင်ချမှတ်နိုင်ပြီဟု အသက် ၃၁ နှစ်အရွယ် ဗြိတိန်မင်းသား ပတ်တင်ဆန်က ထပ်လောင်းပြောကြား ထားသည်။

ပတ်တင်ဆန်သည် ၎င်းနှင့်အတူ ဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် ခရစ္စတင်းစတီးဝပ်နှင့် ၂ဝဝ၈ ခုနှစ်မှစ၍ ချစ်ကြိုက်ခဲ့သည်ဟု အနုပညာ အသိုင်းအဝိုင်းက ယူဆထားသော်လည်း ၎င်းတို့၏ အချစ်ဇာတ်လမ်းနှင့် ပတ်သက်၍ စတီးဝပ်က ၂ဝ၁၂ ခုနှစ် ဇူလိုင်လတွင် တရားဝင်ထုတ်ဖော် ပြောကြားသည်။

သို့သော် ၎င်းတို့နှစ်ဦးသည် ၂ဝ၁၂ ခုနှစ်တွင် လမ်းခွဲခဲ့ကြသည်ဟု ပတ်တင်ဆန်က ဗြိတိန်မဂ္ဂဇင်း တစ်စောင်အား ပြောကြားခဲ့သည်။

လက်ရှိတွင် ပတ်တင်ဆန်သည် အဆိုတော် FKA Twigs နှင့် ချစ်ကြိုက် လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...