Social Icons

Pages

Thursday, June 8, 2017

ကမ်းလွန်ထောက်ပံ့ရေး အခြေစိုက်စခန်းကို ဧရာဝတီတိုင်း ဒေသကြီး၌ တည်ဆောက်မည်


ကမ်းလွန်ထောက်ပံ့ရေး အခြေစိုက်စခန်းပုံစံငယ်ကို တွေ့ရစဉ်။

ငပုတော ၈-၆-၂၀၁၇

ဧရာဝတီတိုင်း ဒေသကြီးပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်းမြို့နယ်ခွဲ နံ့သာပုကျေးရွာအုပ်စု၌ ကမ်းလွန်ရေနံ လုပ်ကွက်များအတွက် ကမ်းလွန်ထောက်ပံ့ရေး အခြေစိုက်စခန်းကို ငွေကျပ် ၅ဝ ဘီလီယံအကုန် အကျခံကာ ယခုနှစ်တွင် တည်ဆောက်သွား မည်ဖြစ်ကြောင်း MPRL E & P Pte ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး လုပ်ငန်းများအတွက် ဖွံ့ဖြိုးရေးအဆင့်နှင့် ထုတ်လုပ်ရေးအဆင့်တို့ ဆောင်ရွက်ရာတွင် ယင်းလုပ်ငန်းများကို ပံ့ပိုးနိုင်သည့် Offshore Supply Base လိုအပ် သောကြောင့် ယခုကဲ့သို့ အခြေစိုက်စခန်းများ တည်ဆောက်ရန် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ယင်းစခန်းကြောင့် နိုင်ငံတော်အစိုးရ၊ ကမ်းလွန်ရေနံ ရှာဖွေတူးဖော်ရေး အော်ပရေတာကုမ္ပဏီ ကြီးများအနေဖြင့် အချိန်နှင့် ကုန်ကျစရိတ်များ သက်သာစေ မည်ဖြစ်ကြောင်း သိရသည်။

ယင်းကမ်းလွန် ထောက်ပံ့ရေး အခြေစိုက်စခန်းကို မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် (MIC) က ရင်းနှီးမြှုပ်နှံခွင့် ကာလနှစ် ၃ဝ လုပ်ကိုင် ခွင့်ပြုထားပြီး စီမံကိန်း၏ ပထမ၁ဝ နှစ်တာ ကာလအတွင်း နိုင်ငံတော်က ငွေကျပ် ၂၅ ဘီလီယံကျော်ရ ရှိနိုင်မည်ဟု မျှော်မှန်းထားသည်။ ကမ်းလွန်ထောက်ပံ့ရေး အခြေစိုက်စခန်း တည်ဆောက်ရန် ဇွန်လမှ နိုဝင်ဘာလအတွင်း မြေနေရာရှင်းလင်းခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ပြီး ESIA အပါအဝင် Front End Engineering လုပ်ငန်း ဆိုင်ရာများကို လေ့လာဆန်းစစ်မှု ပြုလုပ်မည်ဖြစ်ကာ ဒီဇင်ဘာလမှစတင်၍ ဆိပ်ကမ်းတည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်ကာလများအလိုက် ဆောင်ရွက် သွားမည်ဖြစ်သည်။

ကမ်းလွန်ထောက်ပံ့ရေး အခြေစိုက်စခန်းကို MPRL E & P Pte ကုမ္ပဏီ၏အဖွဲ့ဝင် ကုမ္ပဏီ Myint & Associates Offshore Supply Base ကုမ္ပဏီပိုင် မြေဧက ၃ဝပေါ်တွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...