Social Icons

Pages

Tuesday, June 27, 2017

ညောင်လေးပင်မြို့ ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် တရားမဝင်ပျဉ်းကတိုး သစ်ခွဲသားများ ဖမ်းဆီးရမိ



ညောင်လေးပင် ၂၇-၆-၂၀၁၇

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် (၉၆/၅) အနီးတွင် ယနေ့ နံနက် ၉နာရီက တရားမဝင်ပျဉ်းကတိုး သစ်ခွဲသားများ တင်ဆောင်လာ သော ၁၂ဘီးယာဉ်တစ်စီးကို ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

မြို့နယ်သစ်တော ဦးစီးဌာနမှူး ဦးတင်စိုးနှင့် သစ်တောဝန်ထမ်းများ၊ ရှမ်းရွာကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး နှင့်အဖွဲ့သည် သတင်းအရ ဖြူးမြို့ဘက်မှ ဘုရားကြီးမြို့ဘက်သို့ ပို့ဆောင်ရန် တင်ဆောင်လာသော ယာဉ်မောင်း နိုင်လင်းအောင် တောင်ငူမြို့နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် 5I/----- FUSO ၁၂ဘီးယာဉ်ကို တားဆီးစစ်ဆေးရာ တရားမဝင်ပျဉ်းကတိုး သစ်ခွဲသားခန့်မှန်း ခြောက်တန် ခန့်ဒေသပေါက်ဈေး ငွေကျပ် ၂၄ သိန်းကျော်ကို ယာဉ်မောင်း၊ ယာဉ်နောက်လိုက် နှစ်ဦးနှင့်အတူ ဖမ်းဆီးရမိသည်။

ထို့နောက် ယာဉ်ကို သစ်ထုတ်လုပ်ရေး ရုံးသို့ မောင်းနှင်စေပြီး တိုင်းထွာစစ်ဆေးလျက်ရှိကာ သစ်တောဥပဒေပုဒ်မ ၄၂-ခအရ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် သတင်းပေးပို့ အကြောင်းကြားနိုင်ရန် ကားဂိတ်နှင့် နီးသောနေရာများ၌ ဖုန်းနံပါတ်များ ကပ်ထားကြောင်း မြို့နယ်သစ်တော ဦးစီးဌာနမှူး ဦးတင်စိုးက ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...