နေပြည်တော် ၁၆-၆-၂၀၁၇
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့သို့ ရောက်ရှိနေသည့် ထိုင်းဘုရင့်တပ်မတော်မှ Lt-Gen. Kumron Kearwichyajane ဦးဆောင်သည့် ချစ်ကြည်ရေး အားကစားအဖွဲ့သည် ယနေ့ညနေပိုင်းတွင် ဟဲဟိုးမှတစ်ဆင့် တာချီလိတ်သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာရာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက ဟဲဟိုးလေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။
အဆိုပါချစ်ကြည်ရေး အားကစားအဖွဲ့သည် ခရီးစဉ်အတွင်း နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပွဲများ ယှဉ်ပြိုင်ကစားခြင်း၊ တောင်ကြီးမြို့နယ် အတွင်းရှိ ဘုရားများသို့ သွားရောက်ဖူးမြော်၍ အလှူငွေများ ဆက်ကပ်လှူဒါန်း ခြင်းနှင့် မြို့တွင်းရှိ အထင်ကရနေရာများသို့ လေ့လာလည်ပတ်ခြင်းများ ဆောင်ရွက်ခဲ့ ကြကြောင်း သတင်းရရှိသည်။
#Themyawadydaily


No comments:
Post a Comment