Social Icons

Pages

Wednesday, June 7, 2017

ပြည်ပမှ စက်သုံးဆီတင်ယာဉ်များ ဝယ်ယူတင်သွင်းမှု ပိုမိုများပြားလာ



ရန်ကုန် ၇-၆-၂၀၁၇

ပြည်တွင်း၌ စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းများ တွင်ကျယ်လာပြီး ပြည်ပမှ စက်သုံးဆီများ ဝယ်ယူတင်သွင်း နေရသောကြောင့် သယ်ဆောင်ရာတွင် အသုံးပြုမည့် စက်သုံးဆီတင်ယာဉ်များ တင်သွင်းမှု မြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များကို မြို့ပြတွင်သာမက ကျေးလက်ဒေသ များကပါ အသုံးများလာခြင်း၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာသဖြင့် စက်ကိရိယာများ တိုးတက်များ ပြားလာခြင်း စသည် တို့ကြောင့် စက်သုံးဆီ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများမှာလည်း ကျေးလက်ဒေသများအထိ တိုးချဲ့လာခဲ့ကြောင်း သိရသည်။ ထို့ကြောင့် စက်သုံးဆီ တင်ယာဉ်များကို ယခင်နှစ်များကထက် ယခုနှစ်တွင် ပိုမိုတင်သွင်းလာရ ကြောင်း သိရသည်။

'' Fuel Tank Trailer တွေက အတွင်းမှာ ကန့်သတ်ထားတဲ့ အခန်းတွေလည်း ပါဝင်တော့ မောင်းနှင်ရာမှာ စက်သုံးဆီတွေ ဘောင်ဘင်ခတ်ပြီး လူးလွန့်မှုမရှိစေပါဘူး။ အခန်းတွေက ရှစ်ခန်း၊ ငါးခန်း၊ လေးခန်း၊ နှစ်ခန်းဆိုပြီး အမျိုးမျိုးရှိတယ်။ ဒီထဲမှာ နှစ်ခန်းတွဲကို အများဆုံးဝယ်ယူ တင်သွင်းကြပါတယ်။ Fuel Tank Trailer က ပြည်တွင်းကို တင်သွင်းတဲ့အခါမှာ တံဆိပ်ရှစ်မျိုးလောက် တင်သွင်းကြပါတယ်။ လက်ရှိမှာ စက်သုံးဆီတင်ယာဉ် တစ်စီးကိုအမြင့်ဆုံးအနေနဲ့ ငွေကျပ်သိန်း ၄ဝဝ လောက်ပေါက်ဈေး ရှိပါတယ်''ဟု Fuel Tank Trailer တင်သွင်းသည့်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။လက်ရှိတွင် ပြည်တွင်းဈေးကွက် လိုအပ်ချက်အရ Fuel Tank Trailer များကိုမူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်း မှတစ်ဆင့် တင်သွင်းလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...