Social Icons

Pages

Wednesday, June 21, 2017

ငွေကျပ်သိန်း ၁၆၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိ



နေပြည်တော် ၂၁-၆-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ထန်းတောကန်ပတ်လမ်း (ဆယ်ပေချောင်) ရပ်ကွက်ရှိ ထန်းတောကန် ပတ်လမ်းနှင့် ကျေးဇူးရှင်ဘုန်းကြီး ကျောင်းတောင်ဘက် အုတ်တံတိုင်းဘေးလမ်း၌ ဇွန် ၁၉ ရက် နံနက် ၁၁ နာရီ မိနစ် ၂၀ ခန့်တွင် မသင်္ကာဖွယ် ဆာလာအိတ် ၁၀ လုံးအားတွေ့ရှိ ကြောင်းသတင်းအရ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သောပူးပေါင်း အဖွဲ့ဖြင့် သွားရောက်စစ်ဆေးရာဆာလာအိတ် များအတွင်းမှ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ ပြားနှင့် ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက် ၅၂၈ ခွက်တို့ကို ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိ ခဲ့သည်။

ထို့နောက် ပူးပေါင်းအဖွဲ့က ရှာဖွေစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရာ နန္ဒ၀န်ရပ်ကွက်ရှိ မြေကွက်လပ်၌ ဆာလာအိတ်များအတွင်းမှ ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက် ၂၆၄ခွက်ကိုလည်းကောင်း၊ ပခုက္ကူကျောင်း ဓမ္မာရုံလမ်း ဘေးနှင့် လမ်းသွယ်အနီးတစ်ဝိုက်၌ ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက် ၂၂ ခွက်ကိုလည်းကောင်း၊ (၁၇)လမ်းဘေး၌ ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက် ၆၆ ခွက်ကိုလည်းကောင်း၊ (၁၆)လမ်းရှိ မြေကွက်လပ်၌ ဘိန်းဖြူထည့် ထားသည့် ဆပ်ပြာခွက် ၁၇၆ ခွက်ကိုလည်းကောင်း၊ သီရိမင်္ဂလာလမ်းဘေးအမှိုက်ပုံနှင့် လမ်းသွယ်အနီးမှ ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက် ၁၂ ခွက်ကိုလည်းကောင်းပိုင်ရှင်မဲ့ ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၅၀၀၀ ခန့်) နှင့် ဆပ်ပြာခွက်စုစုပေါင်း ၁၀၆၈ ခွက်အတွင်းမှ ဘိန်းဖြူ ၁၁ ဒသမ ၇၄၈ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၁၁၇၄၈ သိန်းခန့်) တို့ကို မုံရွာမြို့ရှိ အမှတ် (၂) နယ်မြေရဲစခန်း၌ ထိန်းသိမ်းထားရှိပြီး မူးယစ်ဆေးဝါးနှင့် ဆက်စပ်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...