Social Icons

Pages

Tuesday, June 13, 2017

မြန်မာနိုင်ငံမှထွက်ရှိသည့် လိုက်ချီးသီးများကိုယခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံသို့ တင်ပို့မည်



ရန်ကုန် ၁၃-၆-၂၀၁၇

ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသော လိုက်ချီးသီးများကို ယခုနှစ် နှစ်ကုန်ပိုင်းမှစ၍ တရုတ်နိုင်ငံသို့ အဓိကတင်ပို့သွားမည် ဖြစ်ကြောင်း သိရသည်။

လိုက်ချီးသီးကို ယခင်နှစ်များက တရုတ်နိုင်ငံသို့ တန်ချိန်များစွာ တင်ပို့ရောင်းချမှုမှ ဝင်ငွေများစွာ ရရှိခဲ့သော်လည်း ၂ဝ၁ဝ ပြည့်နှစ်နောက်ပိုင်းတွင် ယင်းနိုင်ငံမှဝယ်ယူမှု နှုန်းကျဆင်း သွားခြင်းကြောင့် ရပ်နားခဲ့ရာ မှ ယခုနှစ်တွင် ပြန်လည်တင်ပို့မည် ဖြစ်သည်။

ပြည်တွင်းရှိ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချ ခြင်းဖြစ်ပြီး တရုတ်နိုင်ငံမှ စားသောက်ဆိုင် လုပ်ငန်းရှင်များနှင့် မုန့်လုပ်ငန်းရှင်များက အများဆုံးဝယ်ယူကြခြင်း ဖြစ်ကြောင်းသိရသည်။

''တရုတ်နိုင်ငံက မြန်မာနိုင်ငံကထွက်တဲ့ လိုက်ချီးတစ်တန်ကို အမေရိကန်ဒေါ်လာ ၆၄ဝ ပေးဝယ်တာကြောင့် ဈေးကောင်းရ တယ်လို့ဆိုရမှာပါ။ ဒါကြောင့် လိုက်ချီးသီး စိုက်ပျိုးသူတွေက တရုတ်နိုင်ငံကို အဓိကတင်ပို့ရောင်းချမှာပါ'' ဟု တရုတ်နိုင်ငံသို့ လိုက်ချီးသီးများ တင်ပို့ရောင်းချနေသော ကိုဝဏ္ဏကပြောသည်။

ပြည်တွင်းထွက် လိုက်ချီးသီးများကို တင်ပို့ရောင်းချရာတွင် ဗန်းမော်ဒေသမှ ထွက်ရှိသော လိုက်ချီးသီးများကို အဓိကတင်ပို့ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...