Social Icons

Pages

Wednesday, June 14, 2017

ဈေးကွက်ဝယ်လိုအားမြင့်တက်နေသော်လည်း ကင်းပုစွန်ရှားပါးမှုနှင့်တွေ့ ကြုံ




ရန်ကုန် ၁၄-၆-၂၀၁၇

ပြည်တွင်းပြည်ပ ဈေးကွက်၌ ကင်းပုစွန်ဝယ်လိုအား ပိုမိုမြင့်တက် လာသော်လည်းကင်းပုစွန် တဖြည်းဖြည်း ရှားပါးလာသဖြင့် ရေလုပ်ငန်းရှင်များ ဈေးကွက်သို့တင်ပို့နိုင်ရန် အခက်အခဲဖြစ်နေကြောင်း ရေလုပ်ငန်းရှင်များထံမှ သိရသည်။

ကင်းပုစွန်မှာ ပြည်တွင်းပြည်ပဈေးကွက် နှစ်မျိုးစလုံး၌ ဈေးကောင်းရရှိနေပြီး တရုတ်၊ တရုတ် (တိုင်ပေ)နှင့် ဟောင်ကောင်တို့က ပြည်တွင်းမှ ကင်းပုစွန်များကို ကြိုက်နှစ်သက် ကြသည်။

လက်ရှိတွင် ပြည်တွင်း၌ ပင်လယ်စာ ရောင်းချသည့်ဆိုင်များ ပိုမိုများပြားလာခြင်းကြောင့် ကင်းပုစွန်ဝယ်လိုအား မြင့်တက်လျက်ရှိသည်။

''ဒီနှစ်အပူချိန်များတော့ ကင်းပုစွန်၊ ကျောက်ပုစွန်နဲ့ ခုံးကောင်ယောက်သွားမတွေ သေဆုံးမှုများတယ်။ ကင်းပုစွန်တွေကို ရန်ကုန်မြို့မှာရှိတဲ့ ကုမ္ပဏီတွေကနေတစ်ဆင့် ပြည်ပကိုတင်ပို့ ရောင်းချပါတယ်။ လက်ရှိမှာ ဝယ်လိုအား ရှိနေတာကြောင့် ဈေးနှုန်းတွေမြင့်တယ်။ ကျောက်ပုစွန်၊ ကင်းပုစွန်နဲ့ ခုံးကောင်ယောက်သွားမတွေ ဝယ်ယူစုဆောင်း မွေးမြူပြီး တင်ပို့ရောင်းချနေတဲ့ သူတွေက ကျောက်ဖြူမြို့မှာဆိုရင် ၂၇ ဦးလောက်ရှိပါတယ်''ဟု ကျောက်ဖြူ ကျောက်ပုစွန်လုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကင်းပုစွန်၏ လက်ရှိဈေးနှုန်းမှာ ထွက်ရှိရာဒေသ၌ ၁ ကီလိုဂရမ်လျှင် ငွေကျပ် ၁၅ဝဝ ခန့်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...