Social Icons

Pages

Monday, June 12, 2017

သီးပင်စားပင်စိုက်ပျိုးရေးနှင့် ရေသတ္တဝါ တွဲဖက်မွေးမြူသည့် စနစ်မြန်မာနိုင်ငံတစ်ဝန်းလုံး ကျယ်ပြန့်လာစေရန် ဆောင်ရွက်ပေးမည်



ရန်ကုန် ၁၂-၆-၂၀၁၇

သီးပင်စားပင် စိုက်ပျိုးရေးနှင့် ရေသတ္တဝါတွဲဖက် မွေးမြူသည့် နည်းစနစ်သစ် နည်းပညာကို မြန်မာနိုင်ငံ တစ်ဝန်းလုံး အတိုင်းအတာထိ ကျယ်ပြန့်လာစေရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီး ဌာနသတင်းများအရ သိရသည်။

လက်ရှိတွင် အဆိုပါစနစ်ကို အီတလီနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့် စတင်ဆောင်ရွက် နေပြီဖြစ်သည်။ အဆိုပါစနစ်သည် ရေသတ္တဝါ မွေးမြူရေးလုပ်ငန်းနှင့် သီးပင်စားပင် စိုက်ပျိုးရေးလုပ်ငန်းကို တွဲဖက်လုပ် ကိုင်ဆောင်ရွက် နိုင်သည့်နည်းပညာဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဆုံး စတင်အကောင်အထည် ဖော်ဆောင် ရွက်သွားမည့် နည်းစနစ်တစ်ခုလည်း ဖြစ်သည်။ မြေဧရိယာ အနည်းငယ်အတွင်း လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း၊ အသုံးပြုလုပ်ကိုင်ရမည့် လုပ်ငန်းသုံး ကိရိယာများမှာလည်း ပြည်တွင်းတွင်ရှိနေပြီး ဈေးနှုန်းသက်သာမှု ရှိနေသဖြင့် တစ်ပိုင်တစ်နိုင်လုပ်ကိုင် ဆောင်ရွက်လိုသူများ အတွက်လည်း အဆင်ပြေစေမည်ဖြစ်သည်။ သီးပင်စားပင်များမှ ဝင်ငွေနှင့် ငါးပုစွန်များမှ ဝင်ငွေပါရရှိမည်ဖြစ်၍ နှစ်ဖက်နှစ်လမ်းက ဝင်ငွေရရှိမည် ဖြစ်သည်။

အဆိုပါနည်းပညာနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။ ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ရုံးများနှင့် ပြင်ပမှစိတ်ပါဝင်စားသူ လုပ်ငန်းရှင်များအတွက် အဆိုပါနည်းပညာ ဆိုင်ရာများကို ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်သည်။ ထိုမှတစ်ဆင့် တစ်နိုင်ငံလုံး အတိုင်းအတာထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး ကျေးရွာများ အရောက်ပညာပေး မိတ်ဆက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...