Social Icons

Pages

Wednesday, June 7, 2017

မုန်တိုင်းသင့်ဒေသများအတွက် လှူဒါန်းရန် ထောက်ပံ့ပစ္စည်းများ တင်ဆောင်လာသည့် အိန္ဒိယရေတပ်မှစစ်ရေယာဉ် တစ်စင်းရောက်ရှိ


ဆိုင်ကလုန်းမုန်တိုင်း (မိုရာ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဒေသများအတွက် ထောက်ပံ့ပစ္စည်းများ တင်ဆောင်လာသော အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS Sumitra (P-59) ပေါ်မှစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို တပ်မတော်သားများက သယ်ယူပေးစဉ်။

စစ်ရေယာဉ်ပေါ်တွင်တင်ဆောင်လာသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို စစ်ရေယာဉ်မှူး Cdr KP Sreesan က လွှဲပြောင်းပေးအပ်စဉ်။

နေပြည်တော်  ၇-၆-၂၀၁၇

မေလနောက်ဆုံးပတ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုရာ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများအတွက် ထောက်ပံ့ပစ္စည်းများ တင်ဆောင်လာသော အိန္ဒိယရေတပ်မှစစ်ရေယာဉ် INS Sumitra (P-59) သည် ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားသို့ရောက်ရှိလာရာ တပ်မတော် (ရေ) မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။

စစ်ရေယာဉ်ပေါ်တွင် တင်ဆောင်လာသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ အားစစ်ရေယာဉ်မှူး Cdr KP Sreesan က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်ထံသို့ လွှဲပြောင်းပေးအပ်သည်။

အဆိုပါစစ်ရေယာဉ်တွင် အရာရှိ၊ စစ်သည် ၁၁၇ ဦးလိုက်ပါလာပြီး မြန်မာနိုင်ငံတွင် ဇွန် ၈ ရက်ထိ သုံးရက်ကြာနေထိုင်၍ လေ့လာရေး ခရီးစဉ်များ လှည့်လည်သွားရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...