Social Icons

Pages

Wednesday, May 24, 2017

ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ရာနှုန်းပြည့်ဖြစ်နိုင်ခြေ ရှိကြောင်း WWF ကထုတ်ပြန်



ရန်ကုန် ၂၄-၅-၂၀၁၇

မြန်မာနိုင်ငံ၏ ရာသီဥတုအနေအထားအရ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ရာနှုန်းပြည့်ဖြစ်နိုင်ခြေ ရှိကြောင်း World Wildlife Fund (WWF) ကထုတ်ပြန်သော မြန်မာ့ လျှပ်စစ်အနာဂတ် မျှော်မှန်းချက်စာတမ်း (Myanmar’s Electricity Vision) အရ သိရသည်။

WWF သည် တစ်ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အချက်အလက် များကိုလေ့လာကာ မြန်မာ့လျှပ်စစ်အနာဂတ် မျှော်မှန်းချက် စာတမ်းကို ထုတ်ပြန်ထားခြင်းဖြစ်သည်။ အဆိုပါစာတမ်းတွင် မြန်မာနိုင်ငံ၏ရာသီဥတု ပုံစံ၊ အီကွေတာတွင် ကျရောက်နေသည့် အနေအထား၊ လေတိုက်နှုန်းနှင့် နေရောင်ခြည် ရရှိမှုများကြောင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ရာနှုန်းပြည့်ဖြစ် နိုင်ခြေရှိကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုင်းတာ ချက်များအရ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းခြောက်သွေ့ ဧရိယာများသည် တစ်နှစ်ပတ်လုံး နေရောင်ခြည် ရရှိမှုမြင့်မားပြီး မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် တနင်္သာရီ ကမ်းရိုးတန်း ဒေသတို့မှာ လေအားလျှပ်စစ် ဓာတ်အားထုတ်ယူရန် အကောင်းဆုံးဒေသများဖြစ်ကြောင်း ဖော်ပြထားသည်။ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များတွင် နေရောင်ခြည်စွမ်းအင် (ဆိုလာ)၊ လေစွမ်းအင်၊ ဆည်ဆောက်ရန်မလိုသော အသေးစားရေအားလျှပ်စစ်၊ ပင်လယ်ထွက်စွမ်းအင်၊ ဇီဝလောင်စာနှင့် ဘူမိအပူတို့ပါဝင်ပြီး နေရောင်ခြည်စွမ်းအင် (ဆိုလာ)နှင့် လေအားလျှပ်စစ် ထုတ်ယူရန် ကြာမြင့်ချိန် ရှစ်လမှနှစ်နှစ် အထိရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...