Social Icons

Pages

Thursday, May 18, 2017

ယခုနှစ် မိုးဥတုတွင် မြန်မာ့ကမ်းခြေ ဒေသများ၌ ဟိုတယ်များပိုမို ဖွင့်လှစ်လာနိုင်



ရန်ကုန် ၁၈-၅-၂၀၁၇

ယခုနှစ် မိုးဥတုအတွင်း မြန်မာနိုင်ငံရှိ ကမ်းခြေများတွင် ဟိုတယ်များ၂ဝ၁၆ခုနှစ် မိုးဥတုထက် ပိုမိုဖွင့်လှစ်လာရန် ရှိကြောင်း ပြစ်သစ်အခြေစိုက် အွန်လိုင်းဟိုတယ် အငှားဝန်ဆောင်မှု လုပ်ငန်း Jovago ၏ သတင်း ထုတ်ပြန်ချက် များအရ သိရသည်။

ဧရာဝတိုင်းဒေသကြီးရှိ ချောင်းသာ၊ ငွေဆောင်နှင့် ရခိုင်ပြည်နယ်ရှိ ငပလီကမ်းခြေတို့မှ မိုးဥတုကာလ အတွင်းဖွင့်လှစ်သည့် ဟိုတယ်အရေအတွက်ကို ၂ဝ၁၆ ခုနှစ်နှင့် ယခုနှစ်ကို နှိုင်းယှဉ်၍ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

''ဒီနှစ်မိုးဥတုမှာ ချောင်းသာကမ်းခြေကတော့ ဟိုတယ်တွေ အများစုဖွင့်ပါတယ်။ ငွေဆောင်ဆိုရင်တော့ ဟိုတယ်တွေ ၃ဝရာခိုင်နှုန်း လောက်က ပိတ်တယ်။ အရင်နှစ်နဲ့စာရင် ဒီနှစ်မိုးတွင်း ဖွင့်တဲ့ဟိုတယ်တွေ ပိုများလာပါတယ်။ အခုဆိုရင် အခန်းဈေးတွေလဲ ချထားတယ်။ ဇွန်လရောက်ရင် ပိုသက်သာလာမယ်''ဟု Jovago မြန်မာ၏ Business Development  မန်နေဂျာဖြစ်သူ Grigorios Ntarnaltanis က ပြောပြသည်။

ယခုနှစ်မိုးဥတုတွင် ချောင်းသာ ကမ်းခြေရှိ ဟိုတယ်စုစုပေါင်း အနက် ဟိုတယ်၉ဝ ရာခိုင်နှုန်းခန့်ထိ ဖွင့်လှစ်သွားရန်ရှိပြီး ငွေဆောင်ကမ်းခြေတွင် ၇ဝရာခိုင်နှုန်း၊ ငပလီကမ်းခြေတွင် ၅ဝရာခိုင်နှုန်း ဆက်လက်ဖွင့်လှစ် သွားရန် ရှိကြောင်း အဆိုပါဝက်ဘ်ဆိုက်မှ ထုတ်ပြန်ထားသည်။

''မိုးဥတုမှာပုံမှန် ဖွင့်မယ်ဆိုရင် ပိုကောင်းပါတယ်။ တချို့လူတွေကတော့ အလုပ်ပိတ်ရက်ချင်း မတူတော့ မိုးဥတုမှာ သွားတဲ့သူတွေ ရှိတယ်။ အဲဒီလိုခရီးသွား ဧည့်သည် တွေအတွက် ဟိုတယ်တွေများများ ဖွင့်ရင် ဈေးသက်သာ တာပေါ့''ဟု တောင်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...