Social Icons

Pages

Monday, May 22, 2017

မုံရွာမြို့ ချမ်းမြဝတီရပ်ကွက် အရှေ့ဘက်ရှိ အမှိုက်ပုံကြီး မီးလောင်မှုဖြစ်ပွားနေ



မုံရွာ ၂၂-၅-၂၀၁၇

မုံရွာမြို့ သာစည်လမ်းတောင်ဘက် ချမ်းမြဝတီရပ်ကွက် အရှေ့ဘက်ရှိ အမှိုက်ပုံကြီးတွင် မီးလောင်မှု ဖြစ်ပွားနေသောကြောင့် မုံရွာမြို့ရပ်ကွက်များ အတွင်းနှင့် ပတ်ဝန်းကျင် နေရာအများစုတွင် အမှိုက်မီးလောင်သည့် ညှော်နံ့များ ဆိုးရွားစွာ ရှူရှိုက်နေ ကြရသဖြင့် မေ၂ဝ ရက် မွန်းလွဲ ၁ နာရီခန့်က စတင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်နေကြရာ နောက်ထပ် နှစ်ရက်ခန့်ထိ ငြှိမ်းသတ် နေရမည်ဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

မီးလောင်မှုကြောင့် ထွက်လာသော အနံ့ဆိုးများကြောင့် ပတ်ဝန်းကျင် ရပ်ကွက်နေသူ အများစုသည် ဝေးရာနေရာသို့ ခေတ္တရှောင်ရှားနေ ကြရခြင်း၊ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအနေဖြင့် မီးလောင် အနံ့ဆိုးကြောင့် ထွက်သော မသန့်ရှင်းသည့်လေကို ရှူရှိုက်နေရခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များ အနေဖြင့် အထူးဂရုစိုက်ပြီး ဝေးရာဒေသသို့ သွားရောက်နေထိုင်နေ ရခြင်းများရှိနေကြောင်း ချမ်းမြဝတီ ရပ်ကွက်နှင့် အက်တောကျေးရွာဒေသ ခံများထံမှ သိရသည်။

၂ဝ၁၆ခုနှစ် ဧပြီလနောက်ပိုင်း ကစ၍တစ်ရက်လျှင် အမှိုက်တန် ၁ဝဝခန့်ပစ်ရာ အမှိုက်ကားအစီး ရေ ၂ဝခန့်က တစ်ရက် သုံးကြိမ်ခန့် အမှိုက်ပုံကြီးသို့ ပစ်လျက်ရှိပြီး ယခင်က မုံရွာမြို့မ သုသာန်တွင် အမှိုက်ပစ်ခဲ့ရာမှ ယခုအခါချမ်းမြဝတီရပ် အရှေ့မြောက်ဘက် မြို့ပြင်နေရာသို့ အမှိုက်များနေ့စဉ် ပစ်ခဲ့ခြင်းဖြစ်ရာ လက်ရှိတွင် အမှိုက်ထုထည်သည် များသည်ထက်များ လာခြင်းနှင့်အတူ ဘေးပတ်ဝန်းကျင်သို့ လာရောက်နေထိုင် သူဦးရေလည်း တစ်ရက်ထက် တစ်ရက်များ ပြားနေကြောင်း မုံရွာမြို့နယ် စည်ပင် သာယာရေးအဖွဲ့တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...