ဖမ်းဆီးရမိသူများ၊ ယာဉ်များနှင့် တရားမ၀င် သစ်များကိုတွေ့ရစဉ်။
နေပြည်တော် ၁၅-၅-၂၀၁၇
ကချင်ပြည်နယ်၊ မဘိမ်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းသည် မေ ၁၁ ရက် ညနေ ၃ နာရီခန့်တွင် ကျောက်လုံးကြီးကျေးရွာ၏ အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာသို့
အရောက်၌ ယာဉ်မောင်း ဦးဖိုးကျော် (ဘ) ဦးအောင်တင်အပါအဝင် အမျိုးသားကိုးဦး တို့အား လိုင်စင်မဲ့ ၁ဝ ဘီးယာဉ်ငါးစီးနှင့် ခြောက်ဘီးယာဉ် လေးစီးတို့အပေါ်၌ တင်ဆောင်ထားသော တရားမဝင်ပိတောက်သစ်
လုံးဆိုဒ်စုံ ၃၈ဝ လုံး (ခန့်မှန်းတန် ၆ဝ ခန့်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူများ၊ ယာဉ်များနှင့် သစ်များအား မဘိမ်းသစ်တောဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
#Themyawadydaily


No comments:
Post a Comment