Social Icons

Pages

Tuesday, May 16, 2017

မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၁၅၀၀ တိုးချဲ့ အကောင်အထည်ဖော် သွားမည်



မုံရွာ ၁၆-၅-၂၀၁၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိသော မြစိမ်းရောင် ကျေးရွာစီမံကိန်းကို ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာ နှစ်တွင် ကျေးရွာ ၁၅ဝဝ တိုးချဲ့အကောင်အထည် ဖော်ဆောင်ရွက်သွား မည်ဖြစ်ရာ စစ်ကိုင်းတိုင်း ဒေသကြီးအနေဖြင့် ၁၃ဝယူနစ် ရရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

မြစိမ်းရောင် ကျေးရွာအဖြစ် ရွေးချယ်ရာတွင် ဆင်းရဲသောကျေးရွာ ဖြစ်ရမည် ဖြစ်သကဲ့သို့ စိုက်ပျိုးရေး၊ မွေးမြူရေးဖွံ့ဖြိုး တိုးတက်ရန် အလားအလာရှိသော ကျေးရွာဖြစ်ရမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင်အဆိုပါ ကျေးရွာရှိ ကျေးရွာသူ ကျေးရွာသားများ၏ စိတ်အားထက်သန်မှု၊ စည်းလုံးညီညွတ် မှုစသည့် ကျေးရွာများ၏ စီမံကိန်းဆောင်ရွက်ရန် လိုလားစွာတင်ပြ တောင်းဆိုသောကျေးရွာ ဖြစ်ရမည်ဖြစ် သကဲ့သို့ လမ်းပန်း ဆက်သွယ်ရေး လွယ်ကူ ချောမွေ့မှုနှင့် နယ်မြေလုံခြုံ တည်ငြိမ် အေးချမ်းသည့် ကျေးရွာဖြစ်ရမည် ဖြစ်သည်။

ရွေးချယ်ရာတွင် အိမ်ခြေအနည်းဆုံး ၈ဝ နှင့်အထက်ရှိ သောကျေးရွာကို ရွေးချယ်သကဲ့သို့ အကယ်၍ အိမ်ခြေ ၈ဝအောက် လျော့နည်းပါက အုပ်ချုပ်မှု လွယ်ကူသည့် နီးစပ်ရာ ကျေးရွာများနှင့် ပေါင်းစပ်ဖွဲ့စည်း ကာ ရွေးချယ် ခြင်းဖြစ်သည်။

စီမံကိန်းကျေးရွာ ရွေးချယ်ရေး ညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံး ပါဝင်တက်ရောက် နိုင်ရေး ကြိုတင်ဖိတ်ကြား ဆောင်ရွက်ကာ စီမံကိန်းကျေးရွာများ ရွေးချယ်ရာ တွင် မျှတ ညီညွတ်မှု ရှိစေရန်နှင့် လွှမ်းခြုံမှု ရာခိုင်နှုန်း မြင့်မားစေရန်ထည့်သွင်း စဉ်းစား၍ ပဏာမရွေးချယ် ထားသော ကျေးရွာများ စာရင်းကို အစည်းအဝေး ဆုံးဖြတ်ချက် မှတ်တမ်းနှင့်အတူ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ်သို့ မေ ၁၉ရက် အရောက်ပေးပို့ သွားရန် အကြောင်းကြားထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...