Social Icons

Pages

Tuesday, May 16, 2017

မန္တလေးတွင် တစ်ရက်အတွင်း မိုးရေချိန် ၁လက်မနှင့် ၁လက်မခွဲရွာသွန်းပါက မြို့တွင်းရေမြောင်းများနှင့် လမ်းမများ၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်



မန္တလေး ၁၆-၅-၂၀၁၇

မန္တလေးမြို့တွင် တစ်ရက်အတွင်း မိုးရေချိန် ၁လက်မနှင့် ၁လက်မခွဲ ရွာသွန်းပါက မြို့တွင်း ရေမြောင်းများနှင့် လမ်းမများ၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် မိုးဥတုသို့ စတင်ဝင်ရောက် တော့မည်ဖြစ်၍ မိုးကာလအတွင်း မန္တလေးမြို့၌ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေ ရေးအတွက် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မိုးရွာသွန်းမှု ထုတ်ပြန်ချက်များ၊ မိုးရေချိန်ရရှိနိုင်မှု အချက်အလက်များကို အခြေခံ၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သင့်ကြောင်း မန္တလေးတိုင်း ဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောပြသည်။

''အခု မေ ၁၄ ရက် ညပိုင်းမှာလဲ မိုးသည်းထန်ခဲ့တယ်။ ချမ်းမြသာစည် မြို့နယ်ဘက်မှာ ၂လက်မလောက် ရွာပေမယ့် ချမ်းအေးသာစံ မြို့နယ်ဘက်မှာတော့ ၅လက်မကျော် ရွာခဲ့တယ်။ ရရှိတဲ့မိုးလေဝသ ကိန်းဂဏန်း အချက်အလက်တွေကို ကြိုတင်ကာကွယ်ရေးတွေမှာ အသုံးချနိုင်ရင် အများကြီးအကျိုးရှိ ပါမယ်''ဟု ၎င်းက ပြောပြသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ များတွင် ၂၄နာရီအတွင်း မိုးရေချိန် ၁လက်မခွဲ ရွာပါက နေရာကွက်၍ မိုးကြီးခြင်းဖြစ်ပြီး မန္တလေးမြို့ တွင် မေ ၁၄ရက်က သုံးနာရီအတွင်း မိုးရေချိန် ၂လက်မမှ ၅လက်မ အတွင်း ရွာသွန်းခဲ့ သည့်အတွက် မိုးကြီးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

မန္တလေးမြို့တွင် ၂ဝ၁၆ခုနှစ် အတွက် စုစုပေါင်း မိုးရွာသွန်းမှုမှာ ဇန်နဝါရီ ၁ရက်မှ နိုဝင်ဘာ ၁၅ရက် ထိ ၅၁ ဒသမ ၉၇ လက်မ ရရှိခဲ့ပြီး ၂ဝဝ၆ခုနှစ်က မန္တလေးမြို့၌ ရှိခဲ့သည့် တစ်နှစ်ပတ်လုံး မိုးရေချိန်မှာ ၆ဝ ဒသမ ၇၁လက်မ နောက်ပိုင်းမိုး အများဆုံးနှစ် ဖြစ်ကြောင်း၊ မန္တလေးမြို့တွင် ၂ဝ၁၆ခုနှစ် သြဂုတ်၂ဝရက်က နံနက်မှ ညနေထိ မိုးရေချိန် ၅ လက်မခန့် ရွာသွန်းခဲ့ဖူး ကြောင်းသိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...