Social Icons

Pages

Tuesday, May 2, 2017

ကရုဏာကမ္ဘာဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအပန်းဖြေလေ့ လာရေးခရီးသွားရောက်



အဘိုးအဘွားများ စမတောင်တော် သို့သွားရောက်လေ့လာစဉ်။

နေပြည်တော် ၂-၅-၂၀၁၇

နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် မြတ်မင်္ဂလာလမ်းနှင့် ရွှေကြာပင် လမ်းထောင့်ရှိ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ (စွန့်လွှတ်စွန့်စားသူ တို့၏ကွန်းခိုရာ) မှ အဘိုးအဘွားများနှင့် ဝန်ထမ်းများသည် ယနေ့နံနက်၈ နာရီတွင် အပန်းဖြေလေ့လာ ရေးခရီးစဉ် အဖြစ် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ လယ်ဝေးမြို့နယ် ရန်အောင်မြင် ရွှေလက်လှဘုရား၊ ဖောင်တော်ချက်မဘုရားနှင့် စမတောင်တော်ပေါ်သို့ သွားရောက် လေ့လာကြသည်။

ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ တာဝန်ခံ ဗိုလ်မှူးသောင်းမြင့် (ငြိမ်း) ဦးဆောင်၍ အုပ်ချုပ်ရေးမှူး ဦးသန်းထွန်း၊ ပြုစုစောင့် ရှောက်ရေးဌာနခွဲ တာဝန်ခံ ဒေါ်နီလာဦးနှင့် ဝန်ထမ်း ၆၅ ဦး၊ အဘိုးအဘွား ၈၈ ဦးတို့သည် ရွှေလက်လှ ရန်အောင်မြင်ဘုရား၊ ဖောင်တော် ချက်မဘုရားသို့ သွားရောက်လေ့လာ ဖူးမြော် ကြည်ညိုကြပြီး လယ်ဝေးမြို့နယ် သာဝတ္ထိမြို့နှင့် ၄ မိုင်အကွာ အလယ်ရိုးမပေါ်ရှိ စမတောင်တော်ပေါ်သို့ သွားရောက် လေ့လာကြသည်။

ထို့နောက် အဆိုပါလေ့လာ ရေးအဖွဲ့သည် စမတောင်တော်ပေါ် မဟာပရဟိတလူငယ် ဖွံ့ဖြိုးရေးဥယျာဉ်မှ စမတောင်ဆရာတော် ဘဒ္ဒန္တဝိမလနှင့် ဘဒ္ဒန္တဥာဏိန္ဒတို့အား ဖူးမြော်ကြည်ညိုကြပြီး နေ့ဆွမ်းဆက်ကပ် လှူဒါန်းကာ ငါးပါးသီလ ခံယူဆောက် တည်ကြသည်။

ယင်းနောက် လူငယ်ဖွံ့ဖြိုးရေးကျောင်းမှ ကလေးငယ်များအတွက် အဝတ်အထည်များ၊ စားစရာမုန့်နှင့် စားစရိတ်တစ်နပ်စာအတွက် အလှူငွေပေးအပ်လှူဒါန်း၍ ကလေးများ နေထိုင်စားသောက်မှုကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...