Social Icons

Pages

Monday, May 29, 2017

ငါးရံ့အသားတိုး မွေးမြူသည့် နည်းပညာများကို လေ့လာလိုသူများနှင့် သားပေါက်ဝယ်ယူမွေးမြူလိုသူများ အနေဖြင့်ငါးလုပ်ငန်းဦးစီးဌာနသို့ ဆက်သွယ်နိုင်



ရန်ကုန် ၂၉-၅-၂၀၁၇

ငါးရံ့အသားတိုး မွေးမြူသည့် နည်းပညာများကို လေ့လာလိုသူများနှင့် ငါရံ့သားပေါက်ဝယ်ယူ မွေးမြူလိုသူများအနေဖြင့် ငါးလုပ်ငန်းဦးစီးဌာနသို့ ဆက်သွယ်ဆောင် ရွက်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီး ဌာန၏ သတင်းများအရ သိရသည်။

ယခုအခါ မြန်မာ့ရေထွက် ပို့ကုန်များကို ပြည်ပသို့တိုးမြှင့်တင်ပို့ နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ သို့သော်လက်ရှိတွင် မြန်မာ့ရေပြင် ဒေသများတွင် ရေသယံဇာတများ လျော့နည်းလာနေသဖြင့် ငါးမဖမ်းရရာသီများ သတ်မှတ် ဆောင်ရွက်နေရသည်။ ထို့ကြောင့်မြန်မာ့ရေထွက် ကုန်ပစ္စည်းများကို ပြည်ပဈေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် မွေးမြူရေးကဏ္ဍကို အလေးပေးဆောင်ရွက် သွားရမည်ဖြစ်သည်။ မွေးမြူးရေးကဏ္ဍအနေဖြင့် လည်းငါးသားပေါက် ရရှိရေး အခက်အခဲ၊ အစာအခက်အခဲများနှင့် ရင်ဆိုင်နေခဲ့ရသည်။ ထို့ကြောင့် ငါးမွေးမြူရေးလုပ်ငန်းများ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေး နိုင်ရေးအတွက် ငါးရံ့ငါးသားပေါက်များကို သင့်တင့် မျှတသည့် ဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချ ပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ခဲ့သည်။

အဆိုပါ စီမံဆောင်ရွက်မှုများအရ ယခုနှစ်ဖေဖော်ဝါရီလ မှစတင်ကာ ငါးရံ့သားပေါက်များကို စတင်မွေးမြူလုပ်ကိုင် ဆောင်ရွက်ခဲ့သည်။ အဆိုပါဆောင်ရွက်မှုများမှာ ယခုအောင်မြင်မှုရရှိခဲ့ပြီဖြစ်သဖြင့် ငါးရံ့သားပေါက်များကို သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချ ပေးနိုင်ပြီဖြစ်သည်။ ထို့ကြောင့်စီးပွားဖြစ် အသားတိုးမွေးမြူ နည်းပညာများကို လေ့လာလိုသူများနှင့် ငါးရံ့သားပေါက် ဝယ်ယူမွေးမြူလို သူများအနေဖြင့် ဖုန်းဝ၉-၂ဝ၁၁၈၉၃နှင့် ဝ၉-၇၇၂ဝ၁၁၈၉၂သို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...