Social Icons

Pages

Tuesday, May 16, 2017

ရွှေကျင်မြို့နယ်၊ စလူချောင်းကျေးရွာ၌ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်



တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်ကျော် နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများ အားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက်ပေးနေ မှုကို ကြည့်ရှုအားပေးစဉ်။

နေပြည်တော် ၁၆-၅-၂၀၁၇

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ စလူချောင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား မေ ၁၄ ရက် နေ့လယ်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသ ရေးအဖွဲ့က အဆိုပါ
ကျေးရွာရှိ စန္ဒာသူရိယ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် သွေးတိုးရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါနှင့် အထွေထွေရောဂါ ဝေဒနာရှင် ဒေသခံပြည်သူ စုစုပေါင်း ၆၅ ဦးတို့ကို လိုအပ်သည့်ဆေးဝါး ကုသမှုများနှင့် ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများအား ရွှေကျင်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည်။

ယင်းသို့ဆောင်ရွက် ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်မြတ်ကျော် နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး စန္ဒာသူရိယ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တသီဟဓမ္မအား သင်္ကန်းနှင့်လှူဖွယ် ပစ္စည်းများဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...