Social Icons

Pages

Monday, May 22, 2017

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (ရေ)မှ စစ်ရေယာဉ်နှစ်စင်း ပြန်လည်ထွက်ခွာ


တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ) မှ စစ်ရေယာဉ် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားမှ ပြန်လည်ထွက်ခွာစဉ်။

နေပြည်တော် ၂၂-၅-၂၀၁၇

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်(ရေ)မှ စစ်ဆင်ရေး ကွပ်ကဲရေးမှူး RADM Shen Hao ဦးဆောင်ပြီး အရာရှိ၊ စစ်သည် စုစုပေါင်း၅၅၃ ဦးလိုက်ပါလာသည့် စစ်ရေယာဉ် CNS Chang Chun-DDG 150 နှင့် CNS Jingzhou-FFG 532 တို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှအရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Hong Liang ၊ စစ်သံမှူး Col.Xiong Shaowei နှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက် ကြသည်။

အဆိုပါ စစ်ရေယာဉ်များတွင် လိုက်ပါလာခဲ့ ကြသည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (ရေ) မှအရာရှိ ၊ စစ်သည်များသည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ပြီး ရန်ကုန်မြို့အတွင်း လေ့လာရေး ခရီးစဉ်များ သွားရောက်လည်ပတ်ခဲ့ ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...