Social Icons

Pages

Tuesday, May 2, 2017

ကျောက်စိမ်းတန် ၁ဝဝဝ ကျော် ၏ဖြတ်စတန် ၃ဝဝ ဖြင့် တည်ဆောက်နေသော ဗုဒ္ဓဝင်ရုပ်စုံလိုဏ်ဂူတော် ဝရာခိုင်နှုန်းပြီးစီး



မန္တလေး ၂-၅-၂၀၁၇

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဆင်ရွာမြင်းမှူး ဒေသတွင် ဝေရောစနကျောက်စိမ်း စေတီတော် တည်ထားစဉ်က အရည်အသွေးကောင်း ကျောက်စိမ်းတန် ၁ဝဝဝကျော်မှ ဖြတ်စတန် ၃ဝဝဖြင့် ဘုရားပရိဝုဏ်အတွင်း တည်ဆောက်နေသော ဗုဒ္ဓဝင်ရုပ်စုံ လိုဏ်ဂူတော်မှာ ယနေ့ထိ ၈ဝ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း စေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ သီရိသုဓမ္မမဏိဇောတဓရ လူမှုထူးချွန် (ပထမအဆင့်) ဦးစိုးနိုင်
က ပြောပြ၍ သိရသည်။

လိုဏ်ဂူတော် အောက်ခြေ ဖောင်ဒေးရှင်းကစပြီး ဝေရောစန ကျောက်စိမ်း စေတီတော်တည်ထား ခဲ့စဉ်က အသုံးပြုခဲ့သည့် အရည်အသွေးကောင်း ကျောက်စိမ်းတန် ၁ဝဝဝ၏ ဖြတ်သားတန် ၃ဝဝနှင့် တည်ဆောက်ထားကြောင်း၊လိုဏ်ဂူတော်သည် အကျယ် ၁၂ ပေ၊အမြင့် ၁၃ပေ ခွဲနှင့် အရှည် ၂ဝ၇ ပေရှိကြောင်း၊  အတွင်းဘက်နံရံတွင် ကျောက်စိမ်းသားများနှင့် ဟိမဝန္တာ တောင်စဉ် တောင်တန်းများ၊ ဂင်္ဂါမြစ်စီးဆင်းနေပုံ၊  မြစ်ဖျားဘက်မှာ ဘုရားလောင်း မျောက်မင်းသည် မျောက်အပေါင်းအတွက် ခါးကို ကြိုးချည်ပြီး ဗန္ဓရသရက်ပင်မှ မြစ်ဖြတ်ကူးနေပုံ၊ တောင်သမုဒ္ဒရာမှာ မဟာဇနက္က သင်္ဘောပျက်၍ မေခလာနတ်သမီး ကယ်ဆယ်နေပုံ၊ ထူးဆန်းထွေလာ ကျောက်စိမ်းကမ္ဘာကဏ္ဍ၊ ကျောက်စိမ်းပညာ သင်သူများအတွက် ကျောက်စိမ်း မဖြတ်မီပုံ၊ ဖြတ်ပြီးပုံ၊ သွေးပြီးပုံ၊ ဆယ့်နှစ်ရာသီသရုပ်ဖော် ကျောက်စိမ်းရုပ်တုများ၊ နှစ်ပေါင်း ၄ဝဝဝ ကျော် ကမ္ဘာမြေ အတွင်း ရုပ်ပြောင်းလဲခြင်း၊ ဓာတ်ပြောင်းလဲခြင်းကြောင့် ကျောက်စိမ်း ဖြစ်တည်လာမှု၊ ကျောက်စိမ်း ဆင်းတုတော် ငါးဆူအပြင် ကျွန်းသစ်တုံးကြီးများကို ကျောက်စိမ်းတုံး များထောက်ခံ၍ ရုပ်စုံများ ထွင်းထုထားမှု စသည်ဖြင့် ခမ်းခမ်းနားနား ဆောက်လုပ်ထားရှိကြောင်း ၎င်းက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...