Social Icons

Pages

Monday, May 8, 2017

ကသာမြို့နယ် လှော်ကဆင်းကျေးရွာ ဆိပ်ကမ်းနှင့် ဒေါ်ချစ်မယ် ရေဆိပ်တို့တွင် တရားမဝင်သစ်များကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ



ကသာ ၈-၅-၂၀၁၇

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ကသာမြို့နယ် လှော်ကဆင်း ကျေးရွာဆိပ်ကမ်းနှင့် ဒေါ်ချစ်မယ် ရေဆိပ်တို့တွင် တရားမဝင် သစ်များကို ပိုင်ရှင်မဲ့ တွေ့ရှိ သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။

ကသာမြို့နယ် သစ်တောဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးတင်ထွဏ်းနှင့် သစ်တော ဝန်ထမ်းများ အဖွဲ့သည် ကျောက်ထုံးကြီး ရဲကင်းစခန်းမှူး ရဲအုပ်ဝင်းမင်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ သစ်တောရဲတပ်ဖွဲ့မှ ရဲဒုတိယ တပ်ကြပ်တေဇာကျော်ဇော နှင့်အဖွဲ့၊ သက်သေနွယ်နီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းကျော်၊ လှော်ကဆင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအေးတို့ အဖွဲ့နှင့် ပူးပေါင်း၍ မေ ၆ရက်ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က နယ်မြေအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ကသာမြို့နယ် လှော်ကဆင်း ဆိပ်ကမ်းတွင် အင်ကြင်သစ်သုံးလုံး၊ ၂ ဒသမ ၄၉၂ တန် ကာလတန်ဖိုးငွေကျပ် ၃၇ဝဝဝ၊ကညင်သစ်တစ်လုံး၊ ၄တန် ကာလ တန်ဖိုးငွေကျပ် ၃၂ဝဝဝဝနှင့် ဒေါ်ချစ်မယ် ရေဆိပ်တွင်ကျွန်းတိုင် ကိုးလုံး၊ ၁ ဒသမ ၅၅၂ တန် တန်ဖိုးငွေကျပ် ၃၇၅ဝဝဝ ကျွန်းသစ်သုံးလုံး သုည ဒသမ ၃ဝ၆ တန် ကာလ တန်ဖိုးငွေကျပ် ၅ဝဝဝဝ တို့ကို ပိုင်ရှင်မဲ့ တွေ့ရှိ သိမ်းဆည်း ရမိကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့သည့် တရားမဝင် သစ်များကို သစ်တောဦးစီး ဌာနက လက်ခံသိမ်းဆည်း ထားပြီး သစ်ပိုင်ရှင်များကို စုံစမ်းဖော်ထုတ်၍ ဥပဒေအရ ဆက်လက် အရေးယူ နိုင်ရေး စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...