Social Icons

Pages

Thursday, May 18, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိအထင်ကရ နေရာများအား ကြည့်ရှုလေ့လာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဝင်များ Rizal Park သို့ သွားရောက်ကြည့်ရှုလေ့လာစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဝင်များ Malacanang Museum ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဝင်များ Fort Santiago အတွင်း ကြည့်ရှုလေ့လာစဉ်။

နေပြည်တော် ၁၈-၅-၂၀၁၇

(၁၄) ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (14th ACDFIM) တက်ရောက် ရန်အတွက် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့သို့ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စား လှယ်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နံနက်၉ နာရီခွဲတွင် မနီလာမြို့ရှိ အထင်ကရနေရာ များအား သွားရောက်ကြည့်ရှု လေ့လာသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ဝင်များ လိုက်ပါ၍ Rizal Prark သို့သွားရောက် ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

အဆိုပါ Rizal Park သည် ဖိလစ်ပိုင်မျိုးချစ် သူရဲကောင်းတစ်ဦး ဖြစ်သည့် Dr.Jose Rizal အား ဂုဏ်ပြုသည့် အထိမ်းအမှတ် အဖြစ်ဖွင့်လှစ်ထားသော နေရာတစ်ခုဖြစ်ပြီး ခရီးသွားများ အပန်းဖြေသွားရောက် လေ့လာသည့် နေရာတစ်ခု ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးနှင့်အဖွဲ့ဝင်များသည် Malacanang Museum ပြတိုက်သို့ ရောက်ရှိကြပြီး ပြတိုက်အတွင်းရှိ ဖိလစ်ပိုင် သမ္မတများနှင့် ပတ်သက်သည့် အမှတ်တရပစ္စည်းများ ပြသထားမှုအား လှည့်လည်ကြည့်ရှုကြရာ ပြတိုက်မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

အဆိုပါ Malacanang Museum ပြတိုက်သည် ၁၇၅ နှစ်ခန့် ကြာမြင့်ပြီဖြစ်သည့် အဆောက်အဦး ဟောင်းတစ်လုံးအား ပြန်လည်မွမ်းမံ ပြင်ဆင်ပြီး တည်ဆောက်ထားခြင်းဖြစ်ကာ ဖိလစ်ပိုင်သမတ္မ ဟောင်း Ferdinand Marcos လက်ထက်တွင် ဗိသုကာပညာရှင် တစ်ဦးဖြင့် ၁၉၇၈ ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်း ပြန်လည်မွမ်းမံ တည်ဆောက်ခဲ့ ခြင်းဖြစ်သည်။ ပြတိုက်အတွင်း ဖိလစ်ပိုင်သမ္မတ များနှင့် ပတ်သက်သည့် အမှတ်တရ ပစ္စည်းများအား ပြသထားကြောင်း သိရှိရသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ၏ ခံတပ်စခန်းဟောင်း တစ်ခုဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ၏ မြို့ဟောင်းတစ်ခု ဖြစ်သည့် Intramuros အတွင်းရှိ Fort Santiago အတွင်းလှည့်လည် ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူတစ်ဦးက လိုက်လံရှင်းလင်း ပြသသည်။

အဆိုပါ Fort Santiago ခံတပ်ဟောင်းနေရာသည် ၁၅၇၁ ခုနှစ်အတွင်း မေနီလ (Myanila)ဘုရင် Rajan Sulayman နေထိုင်ခဲ့သည့် နေရာဖြစ်ပြီး ဖိလစ်ပိုင်မျိုးချစ် သူရဲကောင်း Dr.Jose Rizal အား ကွပ်မျက်ခြင်း
 မပြုခင်အထိ၎င်းခံတပ်အတွင်း အကျဉ်းချထား ခဲ့သည့်နေရာ တစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...