Social Icons

Pages

Thursday, May 25, 2017

မိုးညှင်းမြို့နယ် လွယ်ခမ်းတောင် အတက်၊ အဆင်းအကွေ့၌ ယာဉ်တိမ်းမှောက်ခြင်းမှ ကာကွယ်ရန် သတိပေးဖြူ၊ နီကျားကျောက်တိုင်များ ပြန်လည်စိုက်ထူပေးရန်လို



မိုးညှင်း ၂၅-၅-၂၀၁၇

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ရဲကင်းစခန်း ပိုင်နယ်မြေ လွယ်ခမ်းတောင်အတက်၊ အဆင်းလမ်းကွေ့တွင် မော်တော်ယာဉ်များ အရှိန်လွန်တိမ်းမှောက်ခြင်း အန္တရာယ်မှကာကွယ်ရန် သတိပေးဖြူ၊ နီကျားကျောက်တိုင် များ ပြန်လည်စိုက်ထူပေးရန် လိုအပ်နေကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

ရွှေဘို-မြစ်ကြီးနားပြည်ထောင်စု လမ်းမကြီးပေါ် မော်ဟန်ရွာနှင့် ဆယ်မိုင်ရွာသစ်ကျေးရွာကြား လွယ်ခမ်းတောင်ကွေ့အတက်၊ အဆင်း ကားလမ်းမိုင်တိုင် အမှတ် ၁၉၇-၂၇၂ ကြားနေရာသည် မော်တော်ယာဉ် များမ
ကြာခဏ တိမ်းမှောက်ခဲ့ သည့်အတွက် လမ်းဘေးရှိ အကာအကွယ်ပေးရန် သတိပေးဖြူ၊ နီကျားကျောက်တိုင်များ လဲပြိုခဲ့ရာ ယခုအခါပြန်လည် စိုက်ထူပေးသင့်ကြောင်း ဒေသခံယာဉ်မောင်း တစ်ဦးက ပြောပြသည်။

''ဒီနေရာဟာ လွယ်ခမ်းတောင်ကွေ့ တစ်လျှောက်မှာ အတက်ရော၊ အဆင်းရော လမ်းကြောတစ် လျှောက်ကျဉ်းမြောင်း တဲ့အတွက် အန္တရာယ်ရှိပါတယ်။ အခုနေရာက အကွေ့ဆိုတော့ မထင်မှတ်ဘဲ လားရှိုးအကျဉ်းထောင်မှ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား ၃၁ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိယာဉ်တိမ်းမှောက်မှုတွေ 
မကြာခဏ ဖြစ်ကြပါတယ်။ ပြီးခဲ့တဲ့ဧပြီ ၄ ရက်က ခြောက်ဘီးယာဉ်တစ်စီး တိမ်းမှောက်ခဲ့သလို အရင်လတွေကလဲ ယာဉ်မှောက်မှု တွေဖြစ်ပါတယ်။ ဒါကြောင့် လဲကျသွားတဲ့ ကျောက်တိုင်ကို ပြန်လည်စိုက်ထူပြီး အခုနေရာမှာသတိ ပေးဆိုင်းဘုတ်စိုက် ထူသင့်ပါတယ်''ဟု ၎င်းကဆက်လက် ပြောပြသည်။

အဆိုပါလမ်းပိုင်းသည် အတက်၊ အဆင်းလမ်း အရှည်တစ်မိုင်ခန့် ရှည်လျားသဖြင့် မော်တော်ယာဉ်အတက်၊ အဆင်းများနှင့် ဒေသခံများသွားလာရန် အန္တရာယ်ရှိသဖြင့် လမ်းအကျယ် ပြန်လည်ချဲ့ထွင်ခြင်းနှင့် လမ်း
အူကြောင်း အသစ်ကိုရွေးချယ်ပြီး ပြန်လည်ဖောက်လုပ်ပေး နိုင်ရန်အတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့က
 ပြည်နယ်လွှတ်တော်နှင့် အမျိုးသားလွှတ်တော်သို့ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...