Social Icons

Pages

Thursday, May 18, 2017

တိုးဂိတ်များကို လေလံစနစ် မကျင့်သုံးတော့ဘဲ ကတ်စနစ်အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်


မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုးဂိတ်တစ်ခုကို တွေ့ရစဉ်။

မန္တလေး ၁၈-၅-၂၀၁၇

တိုးဂိတ်များကို ယခင်ကျင့်သုံးခဲ့သည့် လေလံစနစ်မှ နိုင်ငံတကာအဆင့်မီ ကတ်စနစ်သို့ ကူးပြောင်းနိုင်ရေး ပြင်ဆင်သွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

မန္တလေးမြို့အနီး တိုးဂိတ်များ တည်ဆောက်မှုတွင် အများစုသည် တိုးဂိတ်ဆိုင်ရာ စည်းကမ်းသတ်မှတ် ချက်များနှင့် ကိုက်ညီမှုအားနည်းပြီး ဂိတ်ကြေးကောက်ခံမှု နှင့်ပတ်သက်၍ တိုင်ကြားမှု များရှိနေကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

နိုင်ငံတကာ အဆင့်မီကတ်စနစ်သို့ ပြောင်းလဲအသုံး ပြုနိုင်ရေးအတွက် စင်ကာပူနိုင်ငံက ပံ့ပိုးမှုများ ပေးသွားမည်ဟု သိရသည်။ သို့သော် မြို့တော်စည်ပင် သာယာရေးတွင် တိုးဂိတ်များအတွက် ဘတ်ဂျက် သုံးစွဲနိုင်ခြင်း မရှိသေးသဖြင့် ဘတ်ဂျက်သုံးစွဲနိုင်ရေး ကြိုးပမ်းသွားမည်ဟု ၎င်းက ထပ်မံပြောပြသည်။

အနာဂတ်ကာလ၌ E-Government အသွင်ကူးပြောင်း နိုင်ရေးတွင် ကတ်စနစ်အသုံးပြုခြင်းဖြင့် အားသာချက်များစွာ ရှိလာမည်ဖြစ်ပြီး အထူးသဖြင့် တန်ပိုများ ပိုမိုကောက်ခံ၍ မရခြင်း၊ အချိန်ကုန် သက်သာခြင်း၊ ဝန်ထမ်း
အသုံးပြုမှု သက်သာခြင်းနှင့် ယာဉ်အဝင် အထွက်ကိုသိရှိခြင်းနှင့် မြို့၏လုံခြုံရေးကို ယာဉ်အဝင်အထွက် မှတစ်ဆင့် မှတ်တမ်းတင်နိုင်မည့် အခြေအနေများ ရှိလာမည်ဟု ကပြောပြသည်။

ထို့ပြင် မန္တလေးမြို့ ပတ်ဝန်းကျင်၌ တိုးဂိတ်များ တည်ဆောက်ထားမှုတွင် စည်းကမ်းသတ်မှတ် ချက်နှင့် ကိုက်ညီမှု နည်းသဖြင့် ယာဉ်ကြောများ ရှုပ်ထွေးခြင်း နှင့်ယာဉ်အန္တရာယ် ဖြစ်ခြင်းတို့ ကြုံတွေ့နိုင် သဖြင့် တိုးဂိတ်များ နေရာပြောင်းရွှေ့ နိုင်ရေးကိုလည်း အနာဂတ်တွင် အစီအမံများ ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။

တိုးဂိတ်ပိုင်ရှင်များ ဘက်ကလည်း လေလံရရှိနိုင်မှု မသေချာခြင်းများကြောင့် လုပ်ငန်းပိုင်းဆိုင်ရာ စွန့်စားမှုများရှိ နေပြီးရင်းနှီးမြှုပ်နှံမှု ကိုကောင်းစွာ ပြုလုပ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

''တိုးဂိတ်တွေကို အဆင့်မြှင့်တဲ့အခါ လမ်းနယ်လဲမဟုတ်ဘဲ သေချာ Spot ချ လုပ်ဆောင်သွား ဖို့လဲရှိပါတယ်''ဟု ၎င်းက ဆက်လက် ပြောပြသည်။

ကတ်စနစ်သို့ ကူးပြောင်းမှုကို တတ်နိုင်သမျှ ဆောလျင်စွာ ဆောင်ရွက်သွား မည်ဟုသိရပြီး လက်ရှိအခြေအနေတွင် မြို့၏ယာဉ်အဝင်၊ အထွက်အတွက် စာရင်းကောက်ယူ နိုင်ခြင်းမရှိဘဲ လိုအပ်သည့်အခါ အခက်အခဲများ ဖြစ်ရကြောင်း သိရသည်။

ကတ်စနစ်အသုံးပြုခြင်းဖြင့် ကားလိုင်းများ ကြုံတွေ့နေရသည့် ဂိတ်ကြေးမမျှတမှုများ ကိုလည်းဖြေရှင်း နိုင်မည်ဖြစ်ပြီး ဘဏ္ဍာငွေ ပိုမိုရရှိလာနိုင်သည့် အားသာချက်များ လည်းရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...