Social Icons

Pages

Sunday, April 9, 2017

တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ မြောင်းမြမြို့နယ်ရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆက်လက်ဆောင်ရွက်




နေပြည်တော် (၉-၄-၂၀၁၇)

ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန်ရောက်ရှိနေသည့် တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့များပါဝင်သော တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ဧပြီ ၇ ရက်တွင် မြောင်းမြမြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၀၄၈ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၄၂၅ ဦး၊ ခွဲစိတ်ရောဂါ ၅၂ ဦး၊ သားဖွား/မီးယပ်ရောဂါ ၅၈ ဦး၊ ကလေးရောဂါ ၈၃ ဦး၊ အရိုးရောဂါ ၁၄၅ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ ၆၂ ဦး၊ မျက်စိရောဂါ ၁၀၇ ဦးနှင့် သွားရောဂါ ၁၁၆ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ်လူနာ ၁၀ ဦး၊ သွားခွဲစိတ်လူနာ ၇၃ ဦးနှင့် အထွေထွေခွဲစိတ်လူနာ ၁၀ ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်တွင် ခွဲစိတ် ကုသမှုများဆောင်ရွက်ပေးသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...