Social Icons

Pages

Wednesday, April 5, 2017

မော်လမြိုင်ကျွန်းမြို့နယ်တွင် ငါးခြောက်ကုန်ကြမ်းရှားပါးမှုကြောင့် ငါးခြောက်ရောင်းဝယ်ရေးလုပ်ငန်း ရပ်နားရမည့်အခြေအနေ နှင့်ကြုံတွေ့နေ



မော်လမြိုင်ကျွန်း ၅-၄-၂၀၁၇

ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင် ကျွန်းမြို့နယ်ရှိ ငါးခြောက်မျိုးစုံ ရောင်းဝယ်ရေး လုပ်ငန်းတွင် ဧပြီလမှစ၍ အရောင်းသွက် လာသော်လည်း ကုန်ကြမ်း ရှားပါးမှုကြောင့် ငါးခြောက် ရောင်းဝယ်ရေး လုပ်ငန်း ရပ်နားရမည့် အခြေအနေ နှင့် ကြုံတွေ့နေရကြောင်း ငါးပိ၊ ငါးခြောက် ရောင်းဝယ် ရေးလုပ်ငန်း လုပ်ကိုင်သူများထံ မှသိရသည်။ 

''ငါးခြောက် တွေကတော့ ရောင်းအား မကျပါဘူး။ အခုရက်ပိုင်းပိုပြီး ရောင်းအား သွက်လာတယ်။ သင်္ကြန် နားနီးလာတဲ့ အတွက် ငါးခြောက်လုပ်ဖို့ ကုန်ကြမ်းက အရင်လောက် မရတော့ဘူး။ တစ်နေ့နဲ့ တစ်နေ့ပိုဆိုး လာတယ်။ နောက်ပိုင်း ကုန်ကြမ်းမရ ရင်တော့ အလုပ်ရပ်နား ရဖို့ရှိပါတယ'်' ဟု ငါးပိ၊ ငါးခြောက် ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူ ဦးဆန်းလင်းက ပြောပြသည်။ 

မော်လမြိုင် ကျွန်းမြို့နယ်၌ ယခု ရက်ပိုင်းအတွင်း သင်္ကြန်ပွဲတော်ရက် အလှူအတန်း ပြုလုပ်ရန် ငါးခြောက်များ ဝယ်ယူမှုကြောင့် အရောင်းအဝယ် ကောင်းလာသော်လည်း အပူရှိန် မြင့်တက်လာ သဖြင့် ငါးများဖမ်းဆီး ရမိမှု လျော့ကျလာ၍ ကုန်ကြမ်း ရှားပါးနေခြင်း ဖြစ်သည်။

''ရေထဲက သတ္တဝါဆိုတော့လဲ ရသလောက်ပေါ့။ ကိုယ့်အလုပ်က ဒါပဲရှိတော့ ငါးဖမ်းလို့မရလဲ ငါးဖမ်းတဲ့ အလုပ်ကို ဆက်လုပ် နေမှာပါ။ အရင်လောက် ငါးမရတော့ အခက်အခဲ လေးတွေတော့ ရှိပါတယ်''ဟု မော်လမြိုင် ကျွန်းမြို့နယ် မှငါးဖမ်း လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောပြသည်။

ရေချိုငါးဖမ်း လုပ်ငန်း လုပ်ကိုင် သူများသည် ယခင်က တစ်ရက်လျှင် ငါးရှစ်ပိဿာမှ ၁ဝ ပိဿာထိ ရရှိကြ သော်လည်း ဧပြီလ ပထမပတ်တွင် တစ်ရက်လျှင် ငါးသုံးပိဿာ ခန့်သာ ဖမ်းဆီးရမိ တော့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...