Social Icons

Pages

Wednesday, April 26, 2017

မြောက်ဦးနန်းတော်၏ ရေသွင်းရေထုတ်စနစ်ကိုလေ့လာရန် သုတေသနပြုတူးဖော်ရာ တောင်မြေများ ဖို့ထားသောကျောက်လှေကားများနှင့် ကျုံးကို ထပ်မံတွေ့ရှိ


မြောက်ဦး ၂၆-၄-၂၀၁၇

ရခိုင်ပြည်နယ်ရှိ ရှေးရခိုင်ဘုရင်များ ထီးနန်းစိုက်ခဲ့ရာ မြောက်ဦး နန်းတော်၏ ရေသွင်းရေထုတ် စနစ်ကို လေ့လာရန် သုတေသနပြု တူးဖော်ခဲ့ရာ တောင်မြေများ ဖို့ထားသော ကျောက်လှေကားများနှင့် ကျုံးကိုထပ်မံ တွေ့ရှိထားကြောင်း မြောက်ဦးရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရသည်။

''မြောက်ဦး နန်းတော်ရာကုန်းရဲ့ ရေသွင်း၊ ရေထုတ်စနစ်နဲ့ ကျုံးကို သုတေသန လုပ်တူးဖော် ခဲ့ကြတယ်။ အရင်က ရှိမှန်းမသိခဲ့တဲ့ ကျောက်လှေကား တစ်ခုကို ထပ်တွေ့ ပါတယ်။ အခုတွေ့တဲ့ ကျောက်လှေကားက အကျယ် ရှစ်ပေ၊ အမြင့်ခြောက်ပေရှိပါတယ်။ နောက်ပြီးနန်းတော်ရဲ့ ကျုံးပတ်လည်ကို တောင်မြေနဲ့ ဖို့ထားတာကိုတွေ့ရပါတယ်။ မြောက်ဦးနန်းတော်ရာ ကုန်းကိုဆက်ပြီး သုတေသနလုပ် တူးဖော်တာတွေ ဆက်လုပ်ဆောင်ဖို့လိုနေပါတယ်''ဟု မြောက်ဦး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ
 ညွှန်ကြားရေးမှူး ဦးညိမ်းလွင်က ပြောပြသည်။

လက်ရှိတူးဖော်မူကို ၂ဝ၁၆-၂ဝ၁၇ ဘတ်ဂျက်ငွေဖြင့် မြောက်ဦး ရှေးဟောင်သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလကစ၍ သုတေသနပြုလုပ် ခဲ့ခြင်းဖြစ်သည်။

မြောက်ဦးနန်းတော်ကို ပင်မနန်းဆောင် (၉) ဆောင်၊ မြေနန်းဆောင်များ၊ လွှတ်ရုံးတော်များ၊ ဘိသိက်သွန်း ရေကြည်ထားရာ နန်းသားကန်တော်၊ ပဟိုရ်စည်တော်၊ နက္ခတ်ရုံးတော်၊ ပန်းခုံတော်၊ လက်နက်တိုက်တော်များ အစရှိသည့် အရံအဆောင်များ အပါအဝင် နန်းဆောင် (၁ဝ၈)ဆောင်တို့ကို တံတိုင်း (၃) ဆင့်ဖြင့် တည်ဆောက် ခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...