Social Icons

Pages

Saturday, April 22, 2017

ဗထူးတပ်နယ် မိသားစု၏ ဒွါဒသမ အကြိမ်မြောက် စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာပြုလုပ်



သံဃာတော်များအား အလှူရှင်များက သိမ်ဆင်းလောင်းလှူစဉ်။

နေပြည်တော် ၂၂-၄-၂၀၁၇

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဗထူးတပ်နယ် မိသားစု၏ ဒွါဒသမ အကြိမ်မြောက် စုပေါင်းရဟန်းခံ ရှင်ပြု အလှူတော် မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် ရပ်စောက်မြို့နယ်၊ အောင်မြေစကြာ ဘုရားဝင်း အတွင်း၌ ပြုလုပ်ရာ ကျောက်မြောင်း ဆရာတော် ဘဒ္ဒန္တတေဇနိယ အမှူးပြုသော သံဃာတော်များ ကြွရောက် တော်မူကြ ပြီး အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဖိတ်ကြားထား သူများ တက်ရောက် ကြသည်။

ဦးစွာနံနက်ပိုင်းတွင် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များက သံဃာတော် များအား သိမ်ဆင်းလောင်း လှူပူဇော်ကြပြီး နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။

အဆိုပါ အလှူတော် မင်္ဂလာ ပထမနေ့ ဖြစ်သည့် ဧပြီ ၂၀ ရက် နံနက်ပိုင်းတွင် ရဟန်းလောင်း ၉၃ ပါး နှင့်ရှင်သာမဏေ လောင်း ၃၀ ပါးတို့သည် ရပ်စောက်မြို့၊ စူဠာမုနိ ကုသိုလ်တော် ဘုရားကြီးအား သွားရောက် ဖူးမြော်၍ ရပ်စောက်မြို့ အတွင်းလှည့်လည် ကြပြီး ပဗ္ဗဇ္ဇအမွေ ရဟန်းနှင့် ရှင်သာမဏေ အဖြစ် သွတ်သွင်း ချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့ ကြကြောင်း သတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...