Social Icons

Pages

Friday, April 7, 2017

ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်နယ်မှ နည်းပြအရာရှိများ ၊ သင်တန်းသားအရာရျိ ၊ စစ်သည်များနှင့် နောင်ဝိုး ၊ ကျိုင်းခမ်း နှင့် မိုင်းပျဉ်းတို့ရှိ နယ်မြေခံတပ်များမှ အရာရှိ ၊ စစ်သည် ၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြား


ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
 ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာရှိ နယ်မြေခံတပ်မှ အရာရှိ ၊ စစ်သည် ၊ မိသားစုများအား
 တွေ့ဆုံအမှာစကား ပြောကြားစဉ်။

ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
 ဗထူးတပ်နယ်ရှိ နည်းပြအရာရှိများနှင့် သင်တန်းသား အရာရှိ ၊ စစ်သည်များအား
 တွေ့ဆုံအမှာစကား ပြောကြားစဉ်။

နေပြည်တော် ၊ ၇-၄-၂၀၁၇

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယမန်နေ့နံနက် ၇ နာရီခွဲတွင် ဗထူးတပ်နယ်ရှိ အောင်ဆန်းခန်းမ၌ နည်းပြအရာရှိများနှင့် သင်တန်းသား အရာရှိ၊ စစ်သည်များအား တွေ့ဆုံအမှာစကား ပြောကြားသည်။

တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ကျောင်းအုပ်ကြီးများ၊ တပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ နည်းပြအရာရှိ များနှင့် သင်တန်းသား အရာရှိ၊ စစ်သည်များ တက်ရောက် ကြသည်။

ဦးစွာ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်( ကြည်း)က အမှာစကား ပြောကြားရာတွင် သင်တန်းပိုင်းဆိုင်ရာ နှင့်ပတ်သက်၍ နည်းပြများ အနေဖြင့် မိမိသင်ကြားပို့ချ ရမည့်ဘာသာရပ်ကို ကျွမ်းကျင် ပိုင်နိုင်စွာ သင်ကြားပို့ချနိုင်ရန် လိုအပ်ပြီး မိမိ၏ စစ်မှုထမ်း အတွေ့အကြုံများနှင့် သင်ခန်းစာများကို ပေါင်းစပ်ကာ သင်ကြားပို့ချပါက သင်တန်းသားများ အတွက် များစွာအကျိုးရှိမည် ဖြစ်ကြောင်း၊ နည်းပြများ၏ ကိုယ်နှုတ် လှုပ်ရှားမှု ဟန်ပန်များသည် ဆွဲဆောင်မှုရှိပြီး သင်တန်းသား များအား စိတ်ပါဝင်စားမှု ရှိအောင် သင်ကြားပို့ချရန် လိုကြောင်း၊ သင်တန်းသား များကလည်း နည်းပြများ သင်ကြားပို့ချ လိုက်သော သင်ခန်းစာ များကို အမြဲအမှတ်ရ နေစေရန် လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆိုသည့် ဆောင်ပုဒ်အတိုင်း လိုက်နာကျင့်သုံး ရမည်ဖြစ်ကြောင်း၊ သင်ခန်းစာများကို ကျေညက်ပိုင်နိုင် နေမှသာ မိမိဦးဆောင်ရမည့် တပ်စု၊ တပ်ခွဲ၊ တပ်ရင်းတို့ကို ခေါင်းဆောင်ကောင်း ပီသစွာ အုပ်ချုပ်နိုင်မည် ဖြစ်ကြောင်း၊ မိမိ၏ဦးဆောင်မှု၊ ခေါင်းဆောင်မှု အမှားများကြောင့် လက်အောက် စစ်သည်နှင့် မိသားစုဘဝများစွာ ထိခိုက်နိုင်သည်ကို သတိချပ်နေရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် သင်တန်းကျောင်းများ က သင်ကြားပို့ချ လိုက်သည့် သင်ခန်းစာများကို ပေါ့ပေါ့ဆဆနှင့် မခံယူဘဲ လေးနက်စွာ တိတိကျကျ လိုက်နာလေ့ကျင့် သင်ကြားသွားရန် လိုကြောင်း၊ ကွန်ပျူတာဒီပလိုမာ သင်တန်းသားများ အနေဖြင့် ကွန်ပျူတာကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့ကျင့်သင်ယူ သွားရမည့်အပြင် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ အမိန့်နှင့် ညွှန်ကြားချက်များ၊ ရုံးလုပ်ငန်းများ ကိုပါ သိရှိနားလည် သဘောပေါက်အောင် ဆည်းပူး သင်ကြားသွားရန် လိုကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တပ်မတော်က ချမှတ်ထားသည့် ငြိမ်းချမ်းရေးမူဝါဒ (၆) ရပ်နှင့်အညီ ဆောင်ရွက် သွားရမည် ဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ အချက်အလက် များကို သိရှိနားလည် လေ့လာသွားရန် လိုကြောင်းတို့အား လမ်းညွှန် မှာကြားသည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တက်ရောက် လာကြသည့် နည်းပြ အရာရှိများနှင့် သင်တန်းသား အရာရှိ၊ စစ်သည်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
 နယ်မြေခံတပ်မှ အရာရှိ ၊ စစ်သည် ၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်စဉ်။

ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဟိုပုံးမြို့နယ် မိုင်းပျဉ်းကျေးရွာရှိ နယ်မြေခံတပ်မှ အရာရှိ ၊ စစ်သည် ၊ မိသားစုများအား 
ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စဉ်။

ဆက်လက်ပြီး ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များ လိုက်ပါ၍ ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာ၊ ကျိုင်းခမ်းကျေးရွာနှင့် ဟိုပုံးမြို့နယ် မိုင်းပျဉ်းကျေးရွာ တို့ရှိ နယ်မြေခံတပ် များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်တွေ့ဆုံ အမှာစကား ပြောကြားသည်။

တွေ့ဆုံပွဲများတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က မိမိအနေဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား လာရောက် အမှာစကား ပြောကြားခြင်း ဖြစ်ကြောင်း၊ တပ်မတော်ကို ခေတ်မီတပ်မတော် တစ်ရပ် (Standard Army) ဖြစ်အောင် တည်ဆောက်လျက် ရှိကြောင်းကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၂)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား၌ မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ကြောင်း၊ ခေတ်မီတပ်မတော် တည်ဆောက်ရေး ဆိုင်ရာကိစ္စရပ်များ၊ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး(၄) ရပ်ဆိုင်ရာ ကိစ္စရပ်များ၊ တပ်တွင်းတပ်ပြင် စည်းရုံးရေးဆိုင်ရာ ကိစ္စရပ်များနှင့် တပ်ရင်းဌာနချုပ် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား အသေးစိတ် ဆွေးနွေးမှာကြားခဲ့ပြီး စစ်သည်၊ မိသားစုများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့သည်။

တွေ့ဆုံပွဲများ အပြီးတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က နယ်မြေခံတပ်များမှ အရာရှိ၊ စစ်သည်၊ မိသားစု များအတွက် အသား၊ ငါးစည်သွတ်ဘူး စားသောက်ဖွယ်ရာ များကို ပေးအပ်ရာ တပ်အသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီး များက သုတ၊ ရသစာအုပ်၊ စာစောင်များ၊ အားကစားပစ္စည်းများ နှင့် စားသောက်ဖွယ်ရာ များကို ပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တက်ရောက် လာကြသည့် နယ်မြေခံတပ် အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများ အား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။ 

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် နယ်မြေခံတပ်များ အတွင်း စိုက်ပျိုးမွေးမြူရေး နှင့် သက်သာချောင်ချိရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...