Social Icons

Pages

Thursday, March 23, 2017

အမေရိကန်ရေတပ်မှ စစ်ရေယာဉ် USNS FALL RIVER (T-EPF-4) မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိစဉ် နှစ်နိုင်ငံရေတပ်တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်

              အမေရိကန် ရေတပ်မှ စစ်ရေယာဉ် USNS FALL RIVER (T-EPF-4) ကို တွေ့ရစဉ်။


တပ်မတော် (ရေ) မှ စစ်ဦးစီးအရာရှိချုပ် (ရေ) ဗိုလ်ချုပ်မိုးအောင် အမေရိကန် ရေတပ်မှ Rear Admiral Donald Gabrielson ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အားတွေ့ဆုံစဉ်။


နေပြည်တော် ၂၃-၃-၂၀၁၇

အမေရိကန် ရေတပ်မှ စစ်ရေယာဉ် USNS FALL RIVER (T-EPF-4) သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိစဉ် အဖွဲ့ခေါင်းဆောင် အမေရိကန် ရေတပ်မှ Rear Admiral Donald Gabrielson ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက် ၉ နာရီတွင် ဧရာဝတီရေတပ် စခန်းဌာနချုပ်၊ အရာရှိရိပ်သာ၌ တပ်မတော် (ရေ)မှ စစ်ဦးစီးအရာရှိချုပ် (ရေ ) ဗိုလ်ချုပ် မိုးအောင် ဦးဆောင်သော ကိုယ်စားလှယ် အရာရှိကြီးများအား လာရောက် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ရေတပ်များ၏ ရေကြောင်းလုံခြုံမှု အပေါ်အတွေး အမြင်များအား အပြန်အလှန် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ပင်လယ်ရေ ကြောင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ ဆိုင်ရာကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံရေတပ် အရာရှိများ အဆင့်အတန်းစုံ အပြန်အလှန် လည်ပတ်မှု၊ စစ်ရေယာဉ် လည်ပတ်မှုဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ့ရှေးဟောင်း အမွေအနှစ်နှင့် ယဉ်ကျေးမှု ဆိုင်ရာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြသည်။

ဆက်လက်၍ အမေရိကန် ရေတပ်မှ Rear Admiral Donald Gabrielson ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်ရှိ ရေပြင်ပိုင်းဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး ပေါင်းစပ်ညှိနှိုင်း ကွပ်ကဲမှုဌာနချုပ် (MRCC)၊ သန်လျင်မြို့ရှိ ရေတပ် လေ့ကျင့်ရေး ဌာနချုပ်နှင့် စစ်ရေယာဉ် (တပင်ရွှေထီး) တို့သို့ သွားရောက် လေ့လာခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသသည်။ 

အလားတူ ယနေ့ည ၆ နာရီ ၁၅ မိနစ်တွင် စစ်ဦးစီး အရာရှိချုပ် (ရေ ) ဗိုလ်ချုပ်မိုးအောင် ဦးဆောင်သော တပ်မတော် (ရေ) ကိုယ်စားလှယ် အဖွဲ့သည် အမေရိကန် ရေတပ်မှ စစ်ရေယာဉ် USNS FALL RIVER (T-EPF-4) ပေါ်သို့ လှည့်လည် ကြည့်ရှုကြရာ အမေရိကန်ရေတပ်မှ Rear Admiral Donald Gabrielson နှင့် စစ်ရေယာဉ်မှူး Captain Stansield L. Chien တို့ကကြိုဆို နှုတ်ဆက်ကြပြီး လိုက်လံ ရှင်းလင်းပြသ ခဲ့ကြောင်း သတင်း ရရှိသည်။

# themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...