Social Icons

Pages

Monday, March 13, 2017

မံဝိန်းကြီးနယ်မြေအတွင်း တစ်ဖက်နိုင်ငံသားများအား တရားမ၀င် သစ်ခိုးထုတ်ရာတွင် အသုံးပြုသော ယာဉ်၊ ယန္တရားမျိုးစုံနှင့်အတူ ဖမ်းဆီးရမိ



နေပြည်တော် ၊ ၁၃-၃-၂၀၁၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မံဝိန်းကြီးနယ်မြေ အတွင်း မြန်မာ့အဖိုးတန် သယံဇာတ သစ်များအား တရားမဝင် ခိုးထုတ်နေကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်စဉ် မတ် ၁၁ ရက် နံနက် ၁ဝ နာရီခန့်တွင် မံဝိန်းကြီးကျေးရွာ အုပ်စု၊ မံမော်ကျေးရွာ၏ အနောက် မြောက်ဘက် မီတာ ၇ဝဝ ခန့်အကွာသို့ အရောက်၌ တစ်ဖက်နိုင်ငံသား များဖြစ်သည့် ကော်ဝေးယုတ်၊ ယူချိန့်နှင့် လီကျားရှင်တို့ သုံးဦးကို တရားမဝင် သစ်တင်ယာဉ် ယမ်းဖောင် အမျိုးအစား ၅၈ စီး၊ ၁ဝ ဘီးယာဉ်လေးစီး၊ ကရိန်းယာဉ် တစ်စီး၊ မြေကော်စက် တစ်စီး စုစုပေါင်းယာဉ်၊ ယန္တရားမျိုးစုံ ၆၄ စီးတို့နှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။

ထို့နောက် တပ်မတော် စစ်ကြောင်းများက ပတ်ဝန်းကျင်နေရာ တစ်ဝိုက်အား ဆက်လက် ရှင်းလင်းခဲ့ရာ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် တစ်ဖက် နိုင်ငံသားများ ဖြစ်ကြသည့် ကိန်ရှန်ဖုန့်၊ လုအပ်ပို၊ လုံဝမ်ကျိန်၊ လျှိုဟန်ချန့်၊ ထန်တယ်ယိ၊ ရွှီးကျန်၊ ပုယင်ဝေ့နှင့် ချန်ယုလုံတို့ ရှစ်ဦးကို ယမ်းဖောင် အမျိုးအစားယာဉ် ၂ဝ စီး၊ ၁ဝ ဘီးယာဉ် ၁၄ စီးနှင့် မြေကော်စက် တစ်စီး စုစုပေါင်း ယာဉ်၊ ယန္တရားမျိုးစုံ ၃၅ စီးတို့နှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိ တစ်ဖက်နိုင်ငံသား ၁၁ ဦးအား တရားမဝင် သစ်တင်ယာဉ် ၉၆ စီး၊ မြေကော်စက် နှစ်စီးနှင့် ကရိန်းယာဉ် တစ်စီး စုစုပေါင်း ယာဉ်၊ ယန္တရားမျိုးစုံ ၉၉ စီးတို့အား မံဝိန်းကြီးနယ်မြေ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ၍ တရားဥပဒေ အရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နှင့် တပ်မတော် စစ်ကြောင်းများက မြန်မာ့အဖိုးတန် သယံဇာတသစ်များ တရားမဝင် ခိုးထုတ်မှု မရှိရေးအတွက် နယ်မြေရှင်းလင်း ခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...