Social Icons

Pages

Wednesday, March 15, 2017

ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်


ရန်ကုန်တိုင်းစစ်ဌာနချုပ် မှ နယ်မြေခံတပ်မတော်သားများက ငလျင်ကြောင့် ပျက်စီးသွားသည့်
 နေရာများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးစဉ်

ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ
 ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးစဉ်

နေပြည်တော် ၊ ၁၅-၃-၂၀၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် အတွင်း မတ် ၁၃ ရက် ည ၈ နာရီ မိနစ် ၅ဝ ခန့်မှ ည ၁၁ နာရီခန့်အထိ ငလျင်ငါးကြိမ် လှုပ်ခတ်မှုကြောင့် မြို့လယ် ဘုရားကြီး ကျောင်းမုခ်ဦးနှင့် ဆင်းတုတော်များ အက်ကွဲပြိုကျပြီး မြို့တွင်းရှိ အဆောက်အအုံ တချို့ ထိခိုက်ပျက်စီးခဲ့ရာ ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် မှ နယ်မြေခံ တပ်မတော်သား များက ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။

ထိုသို့ ဆောင်ရွက်ပေး နေမှုများကို တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။

ထို့ပြင် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိပြီး တိုက်ကြီးမြို့နယ် ၊ ပြည်သူ့ဆေးရုံ ၌ တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသည့် ဒေသခံပြည်သူ ၂၄ ဦးအား သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...