Social Icons

Pages

Wednesday, February 22, 2017

သက်တမ်းကုန်ဆေးဝါးများ သောက်သုံးမှုမရှိစေရန် ကျေးလက်ဒေသများအထိ ကွင်းဆင်းပညာပေးမည်



ရန်ကုန် ၊ ၂၂-၂-၂၀၁၇

ရာသီ အကူးအပြောင်း ကာလတွင် ဖြစ်ပွားလေ့ရှိသည့် ဖျားနာမှု များကြောင့် ဆေးဝါး သောက်သုံးရာ၌ ကျေးလက်နေ ပြည်သူ အများစုမှာ သက်တမ်းကုန်ဆုံး နေသော ဆေးများကို စပ်ဆေးအဖြစ် ဝယ်ယူသောက် နေသဖြင့် ထိုဆေးဝါးများ သောက်သုံးမှု မရှိစေရန် ကျေးလက်ဒေသ များသို့ သွားရောက်ကာ ကွင်းဆင်း အသိပညာပေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ သိရသည်။

ရာသီဥတု အကူးအပြောင်းတွင် ဖြစ်ပွား တတ်သည့် ဖျားနာမှုများကို သက်တမ်းကုန် နေသော ဆေးဝါးများဖြင့် စပ်ဆေး ရောင်းချသည့် ဆိုင်မှဝယ်ယူ သောက်သုံးမိ ပါက တစ်ခဏတာ ရောဂါဝေဒနာများ ပျောက်ကင်း သလို ခံစားရသော်လည်း ဘေးထွက်ဆိုးကျိုး များစွာရှိကြောင်း သိရသည်။

''ဒီဆေးတွေက သက်တမ်းကုန်ဆုံး နေတာတွေလား ဆိုတာ ကိုယ်က မသိနိုင်ပါဘူး။ ဒါကို ဝယ်ယူ သောက်သုံးနေတဲ့ ပြည်သူတွေ အန္တရာယ်များလို့ ပညာပေးမှု ပြုလုပ်သွား မှာပါ။ ဒါ့အပြင် ဆေးရောင်း ချသူတွေ၊ ဆေးဆိုင်ကို ကြီးကြပ်ကွပ်ကဲ မယ့်သူတွေပါ ဆေးဘက်ဆိုင်ရာ ပညာရပ်နဲ့ ပတ်သက်ပြီး သိသင့်တဲ့ အချက်တွေကို သိရှိမှ ဆေးဆိုင် ရောင်းချခွင့်ပြုဖို့ စီစဉ်ဆောင်ရွက် နေပါတယ်'' ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန ဆေးဝါးဌာန ညွှန်ကြားရေးမှူးေ ဒါက်တာ ဒေါ်သိင်္ဂီဇင် က ပြောသည်။

ဈေးကွက်အတွင်း၌ သက်တမ်းကုန်ဆုံး နေသော ဆေးဝါးများကို ၁ဝ ထုပ်ပါ တစ်ပါကင်လျှင် ငွေကျပ် ၁၅ဝဝ ဖြင့် ရောင်းချလျက် ရှိသည်။ ထိုဆေးဝါးများကို ကျန်းမာရေး ဗဟုသုတ နည်းပါးသော ပြည်သူများက ဝယ်ယူသောက် သုံးနေကြသည့် တချို့ ကျေးလက်နေပြည်သူ များသည်လည်း ယင်းဆေးများကို စွဲသောက် လာသဖြင့် အန္တရာယ်ရှိကြောင်းကို အသိပညာပေး လုပ်ငန်းများဖြင့် ဆောင်ရွက်ပေး sသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...