Social Icons

Pages

Wednesday, March 1, 2017

ကမ္ဘာ့အရှားပါးဆုံး ကြယ်လိပ်အကောင် ၃၀၀ ကို တတိယအကြိမ် အဖြစ် မင်းဇုံတောင်ဘေးမဲ့တောတွင် စေလွှတ်



မကွေး ၊ ၁-၃-၂၀၁၇

မြန်မာ နိုင်ငံ၌ သာကျန်ရှိ တော့သည့် ကမ္ဘာ့ အရှားပါးဆုံး ကြယ်လိပ် အကောင် ၃ဝဝ ကို တတိယ အကြိမ် အဖြစ် နွားထိုးကြီး မြို့နယ် မင်းဇုံတောင် ဘေးမဲ့တော အတွင်း စေလွှတ် ခဲ့ကြောင်း သဘာဝ ပတ်ဝန်းကျင်   နှင့် သားငါး တိရစ္ဆာန် ထိန်းသိမ်း ရေးဌာနမှ သိရသည်။

သဘာဝ တောအတွင်း နေထိုင်သော ကြယ်လိပ် ကောင်ရေများ ပြန်လည် တိုးပွား လာစေရန် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီး ဌာန၊ သဘာဝ ပတ်ဝန်းကျင် နှင့်သားငါး တိရစ္ဆာန် ထိန်းသိမ်းရေး ဌာန၊ သားငှက် ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံ) အစီအစဉ် ဖြင့် လိပ်မျိုးဆက်လက် ရှင်သန်ရေး အဖွဲ့တို့ ပူးပေါင်းပြီး တတိယ အကြိမ်မြောက် ဆောင်ရွက်ခြင်း ဖြစ်သည်။

ကြယ်လိပ် များကို တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော အတွင်း နေထိုင် ကျက်စားခဲ့ပြီး ယခုအခါ သဘာဝ တောအတွင်း တဖြည်းဖြည်း ရှားလာပြီ ဖြစ်၍ ပြင်ပ ခြံလှောင် မွေးမြူခြင်း (EX-situ Conservation) ကို သုတေ သနပြု ထိန်းသိမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ အောင်မြင် လျက်ရှိသော ပြင်ပ ခြံလှောင် မွေးမြူ ခြင်းမှတစ်ဆင့် သဘာဝ တောအတွင်း ပြန်လည် ရှင်သန်နိုင် စေရန် (IN-situ Conservation) သဘာဝ တောအတွင်း နေထိုင်ကျက်စား ပုန်းအောင်း စေပြီး   သဘာဝ အစားအစာ ဖြင့် စမ်းသပ် လေ့လာခဲ့ရာ စမ်းသပ်မှု အဆင့်ဆင့် အောင်မြင်နေ ပြီဖြစ်ကြောင်း သိရသည်။ 

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...