Social Icons

Pages

Sunday, February 19, 2017

လားရှိုးမြို့၌ အမိုနီယမ်ဆာလဖိတ် နှင့် ဒီတိုနေတာ များသိမ်းဆည်းရမိ




နေပြည်တော် ၊ ၁၉-၂-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၄)၊ ပင်တိုင်ကားဂိတ်၌ တန့်ယန်းမြို့သို့ ပို့ဆောင်ရန် လာရောက်ပို့ဆောင် ထားသည့် ဆာလာအိတ် များအား သတင်းအရ လားရှိုးမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၁၆ ရက် ည ၈ နာရီခွဲခန့်တွင် သွားရောက် စစ်ဆေးရာ ဆာလာအိတ် အလုံး ၂ဝ အတွင်းမှ အမိုနီယမ် ဆာလဖိတ် ၁ဝဝဝ ကီလိုဂရမ်ခန့်နှင့် ဒီတိုနေတာ အချောင်း ၅ဝဝ တို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

စုံစမ်းစစ်ဆေးမှုများ အရ အဆိုပါအိတ်များအား သာစည်မြို့၊ ဂျမ်းပုံကားဂိတ်မှ ဂိတ်မှူး ဒေါ်ဂျမ်းပုံက လားရှိုးသို့ သယ်ဆောင်သွားရန် ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့မှ ထွက်ခွာလာသည့် ရောင်နီဦး ခရီးသည်ယာဉ်ဖြင့် တင်ဆောင် ပေးခဲ့ပြီး တန့်ယန်းသို့ ဆက်လက် ပို့ဆောင်ရန် လားရှိုးမြို့၊ ပင်တိုင်ကားဂိတ်သို့ ပို့ဆောင် ခိုင်းကြောင်းနှင့် တန့်ယန်းတွင် ပိုင်ရှင်မှ လာရောက် ထုတ်ယူမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လားရှိုးမြို့မ ရဲစခန်းမှ တာဝန်ရှိသူများက စုံစမ်း စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...