Social Icons

Pages

Monday, February 27, 2017

နော်ဝေနိုင်ငံရှိ ကမ္ဘာလုံးဆိုင်ရာ မျိုးစေ့ဘဏ်၌ မြန်မာနိုင်ငံမှ သဘာဝသစ်ခွမျိုးစိတ် ၂၇၀ ကျော်အပ်နှံထား


Agriculture Minister Jon Georg Dale (right) accepted the packet of orchid seeds from Myanmar’s Environment Minister Ohn Winn. Avalanches on Svalbard prevented them from visiting the seed vault where the seeds will be stored. PHOTO: Landbruks- og matdepartementet


ရန်ကုန် ၊ ၂၇-၂-၂၀၁၇

နော်ဝေနိုင်ငံရှိ ကမ္ဘာလုံးဆိုင်ရာ မျိုးစေ့ဘဏ်၌ မြန်မာနိုင်ငံမှ ရှားပါး သဘာဝသစ်ခွ အမျိုးအစားများ မျိုးမတုံးစေရန် အတွက် ပြည်တွင်းမှ သဘာဝသစ်ခွ မျိုးစေ့ ၂၇ဝ ကျော်ကို စတင်အပ်နှံ ထားပြီဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ မျိုးစေ့ဘဏ် သည် မျိုးစေ့များကို သိပ္ပံနည်းကျ ထိန်းသိမ်း သိုလှောင်မှု ပြုလုပ်ပေး ခြင်းကြောင့် မျိုးစေ့ အရည်အသွေးမှာ အချိန်ကြာမြင့် လာသည်နှင့်အမျှ ပိုမိုကောင်းမွန် လာမည် ဖြစ်သောကြောင့် ပထမဆုံး အကြိမ် သွားရောက် အပ်နှံခြင်း ဖြစ်ပြီး ပြည်တွင်းရှိ အခြား ရှားပါးအပင်များ၏ မျိုးစေ့များ ကိုလည်း ထပ်မံအပ်နှံ သွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာလုံးဆိုင်ရာ မျိုးစေ့ဘဏ် ကို နော်ဝေနိုင်ငံတွင် ၂ဝဝ၈ ခုနှစ်မှ စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ်အခြား နိုင်ငံများမှလည်း ၄င်းတို့၏ ရှားပါးအပင် မျိုးစိတ်၏ မျိုးစေ့များကို လာရောက် အပ်နှံမှုများ ပြုလုပ် နေကြကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...