Social Icons

Pages

Friday, January 6, 2017

တပ်မတော်(ရေ)က ပစ်ခတ်သဖြင့် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု The Daily Star သတင်းစာ Online report တွင် ဖော်ပြချက်မှာ မှန်ကန်မှုမရှိ


နေပြည်တော် ၊ ၆-၁-၂၀၁၇

တပ်မတော်(ရေ ) က ပစ်ခတ်သဖြင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ခြောက်ဦး ဒဏ်ရာရရှိခဲ့သည် ဟု The Daily Star သတင်းစာ Online report တွင် ဖော်ပြချက်မှာ မှန်ကန်မှုမရှိဟု ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ ) မှ သိရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန် ထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာအခြေစိုက် The Daily Star သတင်းစာ၏ Online report တွင် ဒီဇင်ဘာ ၂၇ ရက် ဒေသ စံတော်ချိန်ည ၉ နာရီ ၄၉ မိနစ်က ဖော်ပြခဲ့သော "6 Bangladeshis shot in Myanmar firing at Bay" ဟု ခေါင်းစဉ်တပ် ထားသော သတင်းတွင် ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းက ဘင်္ဂလား ပင်လယ်အော်၊ စိန့်မာတင်ကျွန်းအနီး ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေ တစ်စင်း ကို တပ်မတော်(ရေ ) သင်္ဘောတစ်စင်း က လိုက်လံ ပစ်ခတ်သဖြင့် ငါးဖမ်းသမား ခြောက်ဦး ဒဏ်ရာရရှိခဲ့ သည်ဟု ဖော်ပြထားသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ)သို့ ဆက်သွယ် စုံစမ်းခဲ့ရာ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသင်္ဘော ကို တပ်မတော်(ရေ )မှ ပစ်ခတ်ခဲ့ခြင်း မရှိဟု ပြန်ကြားခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...