Pages

Tuesday, January 17, 2017

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်



နေပြည်တော် ၊ ၁၇-၁-၂၀၁၇

၂ဝ၁၆ ခုနှစ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း  စစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင် အသင်းများနှင့် အားကစား ဝါသနာရှင်များ တက်ရောက် ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက ဗိုလ်လုပွဲပွဲစဉ် ယှဉ်ပြိုင် ကစားနေမှု များကို ကြည့်ရှုအားပေး ကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက် ပြုလုပ်ရာ တစ်ဦးချင်း ဆုရရှိသူများ၊ အသင်းလိုက် ဆုရရှိသည့် အသင်း များကို တာဝန်ရှိသူ များက လည်းကောင်း၊ တံခွန်စိုက် ဒိုင်းဆုရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ) အသင်းအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား တိုင်းမှူးက လည်းကောင်း ဆုများ အသီးသီး ပေးအပ်ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်း ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၂ဝ သင်းဖြင့် ဇန်နဝါရီ ၅ ရက်မှ ယမန်နေ့အထိ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment