Pages

Tuesday, January 17, 2017

နမ့်ဆန်မြို့မှ ပြောင်းရွှေ့လာသည့် တိုက်ပွဲရှောင်ပြည်သူများအား စားသောက်ဖွယ်ရာနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်း


အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ၀င်းရှိန် နမ့်ဆန်မြို့မှ ပြောင်းရွှေ့လာသည့် 
တိုက်ပွဲရှောင်ပြည်သူများကို တွေ့ဆုံအားပေးစဉ်

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ၀င်းရှိန် တိုက်ပွဲရှောင်ပြည်သူများ အတွက် 
စားသောက်ဖွယ်ရာများ ပေးအပ်စဉ်

နေပြည်တော် ၊ ၁၇-၁-၂၀၁၇

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ အတွင်း TNLA အကြမ်းဖက် သောင်းကျန်းသူ များ၏ လူသစ် စုဆောင်းခြင်း၊ ဆက်ကြေး ကောက်ခံခြင်း နှင့် အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက် နေခြင်း တို့ကြောင့် နမ့်ဆန်မြို့နယ်၊ ဇယန်းကြီးကျေးရွာ နှင့် ဇယန်းပန်လော ကျေးရွာတို့မှ ဒေသခံ တိုင်းရင်းသား ပြည်သူများသည် မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်၊ ရွှေဘုန်းရှိန် ရပ်ကွက်၊ မြင်းဝန်မင်းကြီး ကျောင်းတိုက်ရှိ ဇယန်းကြီးကျောင်းသို့ ခေတ္တ တိုက်ပွဲရှောင် ပြောင်းရွှေ့ နေထိုင်လျက်ရှိရာ အဆိုပါ တိုက်ပွဲရှောင် ပြည်သူများအား ယမန်နေ့ မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝင်းဗိုလ်ရှိန် နှင့် တာဝန်ရှိသူများက သွားရောက် တွေ့ဆုံ အားပေးသည်။

ထို့နောက် တိုင်းမှူးက တိုက်ပွဲရှောင် ပြည်သူများအတွက် တိုင်းစစ်ဌာနချုပ် မိသားစုများမှ လှူဒါန်းသည့် ဆန်အိတ် ၂ဝ၊ ဆီပိဿာ ၂ဝ၊ ခေါက်ဆွဲခြောက်ဖာ ၂ဝ၊ ရေသန့်ဘူး ၃ဝဝ ဘူးနှင့် ခြင်ထောင်တို့ကို ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment