Pages

Tuesday, January 17, 2017

တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့ ရေဦးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်



နေပြည်တော် ၊ ၁၇-၁-၂၀၁၇

စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသော တပ်မတော် နယ်လှည့် အထူးကုဆေးအဖွဲ့မှ အခြေပြု ဆေးအဖွဲ့သည် ယမန်နေ့တွင် ရေဦးမြို့၌ အခြေပြု၍ လည်းကောင်း၊ နယ်လှည့် ဆေးအဖွဲ့ များသည် ဘုတ်ကျေးရွာ နှင့် မုန်တိုင်ပြင် ကျေးရွာတို့၌ အခြေပြု၍ လည်းကောင်း ဒေသခံပြည်သူ စုစုပေါင်း ၂၄၈၇ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက်ပေး ရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၆၆၆ ဦး၊ ခွဲစိတ်ရောဂါ ၂၃ဝ ဦး၊ ကလေးရောဂါ ၁ဝ၁ ဦး၊ သားဖွား/မီးယပ ရောဂါ ၈၃ ဦး၊ အရိုးရောဂါ ၄ဝ၇ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၁၆ဝ ဦး၊ မျက်စိရောဂါ ၆၇၂ ဦးနှင့်သွားရောဂါ ၁၆၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ်လူနာ ၂၁ ဦး၊ သွားရောဂါလူနာ ၁၄၃ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၁၇ ဦးတို့ကို ရွေ့လျား ခွဲစိတ်ကုသယာဉ် များဖြင့် ခွဲစိတ်ကုသ မှုများ ဆောင်ရွက် ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက် လူနာ ၁၇၃ ဦး၊ ECG စက်ဖြင့် နှလုံး စမ်းသပ်လူနာ ၂၆ ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ ၈၆ ဦးတို့ကို ရွေ့လျား ဓာတ်မှန်ရိုက်ယာဉ်၊ ရွေ့လျား ဓာတ်ခွဲယာဉ် တို့ဖြင့် ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် ဒေသခံပြည်သူ ၁၂ ဦးကို မုံရွာမြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသ နိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

No comments:

Post a Comment