Pages

Tuesday, January 17, 2017

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)မှ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ ကျွန်းစုမြို့၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်



နေပြည်တော် ၊ ၁၇-၁-၂၀၁၇

တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသ များမှ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့် အထူးကု ဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)သည် ယမန်နေ့တွင် ကျွန်းစုမြို့ရှိ ဒေသခံပြည်သူ ၈၄၅ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ စတင် ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက်ပေး ရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၂၇၃ ဦး၊ ခွဲစိတ်ရောဂါ ၆၁ ဦး၊ ကလေးရောဂါ ၄၅ ဦး၊ သားဖွား/မီးယပ် ရောဂါ ၅၂ ဦး၊ အရိုးရောဂါ ၁၆ဝ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၄၁ ဦး၊ မျက်စိရောဂါ ၁၆၅ ဦးနှင့် သွားရောဂါ ၄၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိ ခွဲစိတ်လူနာသုံးဦး၊ သွားရောဂါလူနာ ၄၈ ဦးနှင့် အထွေထွေခွဲစိတ် လူနာ ကိုးဦးတို့ကို ဆေးရုံ ရေယာဉ်ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment