Social Icons

Pages

Tuesday, December 6, 2016

တောင်သမန်တံတား အရှေ့ဘက်ခြမ်းရှိ ပျက်စီးဆွေးမြေ့နေသည့် တိုင်လုံးများကို မြန်မာနိုင်ငံဗိသုကာ ကောင်စီ၏ အကြံဥာဏ်ရလျှင် ဒေသခံများနှင့် ပူးပေါင်းပြုပြင်မည်



မန္တလေး ၊ ၆-၁၂-၂၀၁၆

တောင်သမန်တံတား အရှေ့ဘက်ခြမ်းရှိ ပျက်စီးဆွေးမြည့် နေသည့် တိုင်လုံးများကို မြန်မာနိုင်ငံ ဗိသုကာ ကောင်စီ၏ အကြံဉာဏ်ရလျှင် ဒေသခံများနှင့် ပူးပေါင်းကာ အကြီးစားပြန်လည် ပြုပြင်သွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်း ထံမှ သိရသည်။

အဆိုပါ ရှေးဟောင်း ယဉ်ကျေးမှု အဆောက်အအုံ အမွေအနှစ်တစ်ခု ဖြစ်သည့် တောင်သမန် တံတားကြီးသည် ယခုလက်ရှိ အချိန်တွင် သဘာဝ ဘေးအန္တရာယ် နှင့် လူတို့၏ လုပ်ဆောင်ချက် များကြောင့် ၄င်းတံတား ထုပ်၊ လျောက်နှင့် တိုင်လုံးများ ဆွေးမြည့်ပျက်စီး ခဲ့သည့်အတွက် ရှေးမူမပျက် ပြန်လည်ထိန်းသိမ်း နိုင်ရန် ဧပြီလ မတိုင်မီက Myanmar Teak Wood ကုမ္ပဏီ၏ ပံ့ပိုးကူညီမှုဖြင့် အကြီးစား ပြုပြင်ခဲ့ရာ သြဂုတ်လဆန်း ပိုင်းတွင် ရေတက်ချိန် ဖြစ်သည့်အတွက် ပြုပြင် ထိန်းသိမ်းမှုကို ရပ်နားထား ခဲ့ကြောင်း သိရသည်။

''အခု အနောက်ဘက် ကမ်းနဲ့ အလယ်ဘက်တွေမှာ ပျက်စီးနေတဲ့ တိုင်လုံးတော်တော် များများကို ပြုပြင်ပြီးသွား ပါပြီ။ သစ်နဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ ဗိသုကာ ကောင်စီရဲ့ အကြံဉာဏ်ကို တောင်းခံထားတယ်။ အကြံဉာဏ်ရပြီ ဆိုတာနဲ့ဒေသခံတွေ ပူးပေါင်းပြီးတော့ အစည်းအဝေး လုပ်သွားမယ်။ အကုန်လုံး သဘောတူတယ် ဆိုရင်တော့ ရေကျချိန်မှာ ပြန်လည်ပြုပြင် သွားဖို့ရှိပါတယ်'' ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်း က ပြောပြသည်။

၎င်းတံတားကြီးတွင် ပျက်စီးယိုယွင်း ခဲ့သည့် တိုင်လုံးပေါင်း ၂ဝဝ ကျော်ကို ရေမတက်ခင် ကာလတွင် အသစ်လဲလှယ် မှုများ ပြုလုပ်ပြီးသွားပြီ ဖြစ်သည့်အပြင် ရေမတက်ခင်က နေရာချထားကာ မလဲလှယ် လိုက်ရသည့် တိုင်လုံးပေါင်း ၈၆ တိုင်ကို အမရပူရမြို့နယ် ဗားကရာ ကျောင်းတိုက် တွင် ယာယီသိမ်းဆည်း ထားကြောင်း၊ ထိုတောင်သမန် တံတားအကြီးစား ပြုပြင်မှု ကို ရေကျချိန်၌သာ ပြန်လည် ပြုပြင်ထိန်းသိမ်း သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားကြီးကို အကြီးစား မပြုပြင်မီ ကတည်းက တံတားကြီး၏ ပျက်စီးနေသည့် အစိတ်အပိုင်း အချို့ကို ဌက်လှေ အသင်းနှင့် ဒေသခံများက ၀ိုင်းဝန်းပူးပေါင်း ၍ ပြုပြင်ထိန်းသိမ်း ခဲ့ကြကြောင်း သိရသည်။

''ကျွန်တော်တို့ကတော့ တံတားကြီးကို အမြန်ဆုံး ပြုပြင်ပေး စေချင်တယ်။ ဘာဖြစ်လို့လဲ ဆိုရင် တံတား အရှေ့ဘက် အခြမ်းကတော့ တော်တော်ဆိုးတဲ့ အနေအထားပါ။ ထုပ်၊ လျောက်တန်း တွေကလဲ ဆွေးမြည့်နေပြီ။ ရှေးဟောင်းကတော့ အမြန်ဆုံး ဆောင်ရွက် သွားမယ်လို့ ပြောပါတယ်။ အမြန်ဆုံး လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ ပြင်မယ်ဆိုရင် ခရီးသွားတွေ အတွက်လဲ အန္တရာယ် မဖြစ်နိုင်သလို တံတားကြီးလဲ ရေရှည်တည်တံ့ သွားတာ ပေါ့'' ဟု အဆိုပါတံတား ပြုပြင်ထိန်းသိမ်း ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...