Social Icons

Pages

Wednesday, December 21, 2016

သုံးလသားအရွယ် ကလေးငယ်ဗိုက်ထဲရှိ သန္ဓေသားဟုယူဆရသည့် အသားလုံးများကို အောင်မြင်စွာ ခွဲစိတ်ထုတ်ယူနိုင်



နေပြည်တော် ၊ ၂၁-၁၂-၂၀၁၆

နေပြည်တော် ခုတင်-၁ဝဝဝ အထွေထွေရောဂါကု ဆေးရုံကြီး၌ သုံးလသားအရွယ် ယောက်ျားကလေး တစ်ဦး၏ ဗိုက်ထဲရှိ သုံးမြွှာပူးသန္ဓေသား ဟု ယူဆရသည့် အသားလုံးများကို ယမန်မန်နေ့က အောင်မြင်စွာ ခွဲစိတ်ထုတ်ယူ နိုင်ခဲ့ပြီး လက်ရှိတွင် ကလေးငယ်မှာ ကျန်းမာလျက် ရှိကြောင်း သိရသည်။

အဆိုပါ ကလေးငယ်ကို ယမန်နေ့ နံနက် ၉ နာရီက စတင်ခွဲစိတ်ခဲ့ပြီး ၁ဝ နာရီခန့်တွင် ခွဲစိတ်မှုပြီးစီးခဲ့ကာ ၄င်း၏ ဗိုက်ထဲရှိ သန္ဓေသား ဟု ယူဆရသည့် အစိတ်အပိုင်းများမှ တစ်ခုသာ လူပုံသဏ္ဌာန် ဖြစ်ပေါ်ကာ ကျန်သည့် အစိတ်အပိုင်း များမှာ လူခန္ဓာ အစိတ်အပိုင်း အဖြစ် ပြည့်စုံမှုမရှိကြောင်း နေပြည်တော် ခုတင်-၁ဝဝဝ အထွေထွေရောဂါကု ဆေးရုံကြီး ခွဲစိတ်ကု ပညာဌာနမှ ခွဲစိတ်အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ဒေါ်နော်မာသေး က ပြောသည်။

ယင်းကလေးငယ်မှာ ၄င်း၏မိခင်မှ မီးဖွားပြီး တစ်လခွဲခန့် အကြာတွင် ဝမ်းဗိုက်ရောင်ရမ်း လာသည့်အတွက် မန္တလေး ကလေးဆေးရုံကြီး ၌ စစ်ဆေးမှုခံယူခဲ့ရာ ကလေးငယ်၏ ဗိုက်ထဲတွင် သန္ဓေသားဟု ယူဆရသည့် အသားလုံးသုံးခု ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ ရသည့်အတွက် နေပြည်တော် ခုတင်-၁ဝဝဝ ဆေးရုံကြီး၌ ယခုကဲ့သို့ တက်ရောက် ခွဲစိတ်ကုသခဲ့ခြင်း ဖြစ်ကြောင်း ကလေးငယ် ၏ မိခင်ဖြစ်သူ ဒေါ်သန်းသန်းဦး က ပြောသည်။

အဆိုပါ ဖြစ်စဉ်မျိုးသည် လူဦးရေ ငါးသိန်းတွင် တစ်ဦးသာ ဖြစ်နိုင်သည့် ဖြစ်စဉ်ဖြစ်ပြီး ခွဲစိတ်ဆရာဝန် သက်တမ်းတွင်လည်း တွေ့ကြုံရန် ခဲယဉ်းကြောင်း ပါမောက္ခ ဒေါက်တာ ဒေါ်နော်မာသေး က ပြောသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ (၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...