Social Icons

Pages

Sunday, December 11, 2016

ညမထွက်ရအမိန့်အား ဖောက်ဖျက်ကျူးလွန်သူ ဒဏ်ငွေချမှတ် ပုဒ်မ ၁၄၄ အား ထပ်မံပြင်ဆင်ထုတ်ပြန်


နေပြည်တော် ၊ ၁၁-၁၂-၂၀၁၆

ရခိုင်ပြည်နယ် မောင်တောမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင် များသည် ဒီဇင်ဘာ ၈ ရက်ညက လုံခြုံရေးကင်း လှည့်လည် ဆောင်ရွက်စဉ် မြို့မအရှေ့ ရပ်ကွက် မင်းဘာကြီး လမ်းပေါ်၌ မြို့မအနောက် ရပ်ကွက်နေသူ ကျော်မျိုးလွင် ပါ လေးဦးတို့အား ည ၉ နာရီ မိနစ် ၅ဝ တွင် ဖမ်းဆီးရမိ ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကျော်မျိုးလွင် ပါလေးဦးသည် ညမထွက်ရ အမိန့်အား ဖောက်ဖျက် ကျူးလွန်သဖြင့် မြို့နယ် တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရ တစ်ဦးလျှင် ဒဏ်ငွေ ၂ဝဝဝဝ ကျပ်စီ အမိန့်ချမှတ် ခဲ့သည်။

မောင်တောမြို့နယ် နှင့် ဘူးသီးတောင် မြို့နယ်အတွင်းရှိ အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့(ကျီးကန်းပြင်)၊ ငါးခူရ နယ်မြေရုံး၊ ကိုးတန်ကောက် ရဲကင်းစခန်း တို့အား အောက်တိုဘာ ၉ ရက်က အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် မောင်တောခရိုင် အတွင်း ဒေသပိုမို တည်ငြိမ် အေးချမ်းရေး အတွက် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် ငါးဦး သို့မဟုတ် ငါးဦးထက် ပိုသော လူများစုဝေးခြင်း မပြုရန်နှင့် ည ၇ နာရီမှ နံနက် ၆ နာရီအထိ ကာလအတွင်း ညမထွက်ရ အမိန့်ကို ဒီဇင်ဘာ ၉ ရက်မှစ၍ နှစ်လပြည့် မြောက်သည့် နေ့အထိ ရာဇဝတ် ကျင့်ထုံးပုဒ်မ ၁၄၄ အရ ထပ်မံ၍ ပြင်ဆင် ထုတ်ပြန် ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...