Social Icons

Pages

Tuesday, December 27, 2016

ရန်ကုန်မြို့သို့ ပေးဝေနေသော ရေသုံးစွဲမှုတွင် လေလွင့်ဆုံးရှုံးသည့်ရေ ၆၀ ရာခိုင်နှုန်းအထိရှိ



ရန်ကုန် ၊ ၂၇-၁၂-၂၀၁၆

ရန်ကုန်မြို့ ရေပေးဝေရေးတွင် လေလွင့် ဆုံးရှုံးမှုမှာ ၆ဝ ရာခိုင်နှုန်းအထိ ရှိနေသဖြင့် ယင်းကိစ္စကို အမြန်ဆုံး ထိန်းချုပ်နိုင်ရန် လိုအပ်ပြီး အမှန်တကယ် ရေလိုအပ်နေသူ များအတွက် ဆုံးရှုံးမှု ဖြစ်ကြောင်း ဂျပန်နိုင်ငံရှိ ရေသန့်စင်သည့် ကိရိယာများ ထုတ်လုပ်နေသော  Japan System Planning Co.,Ltd.(JSP) ၏ ဥက္ကဋ္ဌ Dr. KATSUYUKI KUMANO ထံမှ သိရသည်။

ရန်ကုန်မြို့၌ ရေပိုက်ပေါက်ခြင် နှင့် ရေသုံးစွဲရာတွင် အလေအလွင့် ဖြစ်နေမှုကို နေရာ တော်တော် များများ၌ တွေ့နေရပြီး သုံးစွဲသူများ အဖို့ ၄ဝ ရာခိုင်နှုန်းသာ သုံးစွဲ၍ ၆ဝ ရာခိုင်နှုန်းမှာ လေလွင့်ဆုံးရှုံး နေကြောင်း Dr. KATSUYUKI KUMANO ကပြောသည်။

''ဂျပန်မှာ လေလွင့်ဆုံးရှုံးတဲ့ ရေက ၃ ရာခိုင်နှုန်း၊ ၄ ရာခိုင်နှုန်း လောက်ပဲရှိတယ်။ အင်္ဂလန်မှာတော့ ၅ဝ ရာခိုင်နှုန်း ရှိတယ်။ အိန္ဒိယမှာလည်း ထိုနည်းအတိုင်းပဲ။ ဒီမှာကတော့ ၆ဝ ရာခိုင်နှုန်းလောက် ဖြစ်နေတယ်။ အကြမ်းဖျင်း အားဖြင့် အာရှနိုင်ငံ တွေမှာ ရေလေလွင့် ဆုံးရှုံးမှုက ၃ဝ ရာခိုင်နှုန်း ရှိနေပါတယ်။ ဒါကို အမြန်ဆုံး ထိန်းသိမ်း စေချင်တယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

ရန်ကုန်မြို့ကို တစ်နေ့လျှင် ရေဂါလန် ၂ဝ၅ သန်း ပေးဝေမှုသည် ရန်ကုန် တစ်မြို့လုံး အတွက် လုံလောက်မှု မရှိဘဲ ရေဖူလုံစွာ ပေးဝေနိုင်ရန် ရေပေးဝေရေး စီမံကိန်း အသစ်များ ဖော်ဆောင် နေကြောင်း သိရသည်။ ထို့ပြင် အင်္ဂလိပ်ခေတ် ကတည်းက သွယ်တန်းထားခဲ့သော ရေပိုက်လိုင်း များတွင် ကပ်ငြိနေသော သံချေးများကြောင့် ပိတ်ဆို့နေသဖြင့် ယင်းတို့ကို ဖယ်ရှားသည့် ကိရိယာကို မင်္ဂလာ တောင်ညွန့်မြို့နယ် မန္တလေးလမ်းရှိ လေးလက်မ ရေပိုက်လိုင်းတွင် စတင်စမ်းသပ် တပ်ဆင်ခဲ့ကြောင်း၊ အဆိုပါ ကိရိယာကို Japan System Planning Co.,Ltd.(JSP) က ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီကို ဒီဇင်ဘာလက ကူညီတပ်ဆင် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...